ဖရဲသီးအရွယ်အကျိတ်ကြောင့် ၈လကိုယ်ဝန်လို့ထင်ခဲ့ရတဲ့ အသက် ၁၈နှစ် ကောင်မလေး



ကိုယ်ဝန် ၈ လ ရှိတယ်လို့ထင်ရတဲ့ အသက် ၁၈နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်ကို ကျန်းမာရေးစစ်ဆေးကြည့်ရာ သူမဗိုက်ထဲမှာ မွေးကာစကလေးထက် အလေးချိန်ပိုတဲ့ ဖရဲသီးအရွယ် အကျိတ်ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူမ နာမည်ကတော့ Olivia Key ဖြစ်ပြီး သူမဟာ ဗိုက်နာလို့ဆေးရုံလာတက်တာကို ကိုယ်ဝန်ရှိတယ်လို့ ဆရာဝန်တွေက ထင်နေခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ ဘယ်ဘက်သားဥအိမ်မှာ အကျိတ်ကြီးတည်နေကြောင်း ဓာတ်မှန်တွေက ပြပါတယ်။

ခွဲစိတ်ဆရာဝန်တွေက အကျိတ်ကို အောင်မြင်စွာဖယ်ရှားပြီးတဲ့နောက်မှာတော့ အကျိတ်ဟာ ဖရဲသီးလောက် ကြီးနေပြီး အလေးချိန်အားဖြင့် ၁၄ပေါင် ရှိနေတာကို အထိတ်တလန့် တွေ့ရှိခဲ့ရပါတယ်။ မစ္စ Key ဟာ ကင်ဆာ ရောဂါမရှိတော့ဘဲ၊ ဒါဟာ သူမဘဝမှာ ကံအကောင်းဆုံးပါပဲလို့ ပြောခဲ့ပါတယ်။

ကင်ဆာဖြစ်နေတဲ့ ဒီအကျိတ်ကြီးဟာ ရေတွေနဲ့ပြည့်နှက်နေပါတယ်။ "ဒါကြီးက ကင်ဆာဆိုတာကို သိလိုက်ရတဲ့အချိန်မှာ အရမ်းကို တုန်လှုပ်ခဲ့တယ်။ ဒီလောက် အသက်အန္တရာယ်ရှိတဲ့ ဟာကြီးကို ဒီအသက်အရွယ်မှာ ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့တာပါ။ ကံကောင်းတာပဲ၊ ခွဲစိတ်ဆရာဝန်တွေက ဖယ်ထုတ်လိုက်နိုင်ပြီး ကင်ဆာလည်း ထပ်မပြန့်တော့ပါဘူး။" လို့ မစ္စ Key ကပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ