အမြင်အာရုံကို ပြန်ရစေနိုင်တဲ့ စက်ရုပ်မျက်လုံးကြောင့် မျက်မမြင်ထောင်ပေါင်းများစွာ မျှော်လင့်ချက်ရှိလာ





အီလက်ထရောနစ်ပစ္စည်းတပ်ဆင်ထားတဲ့မျက်လုံးဟာ မျက်မမြင်လူတစ်ချို့ ရဲ့ အမြင်အာရုံကို ပြန်လည် ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။

မျက်လုံးအတွင်းဝင်ရောက်လာတဲ့အလင်းကိုပြန်လည်တုံ့ ပြန်မှုပြုပေးတဲ့ဆဲလ်တွေ တဖြည်းဖြည်း အလုပ်မလုပ်ရာကနေ အမြင်အာရုံချို့ ယွင်းဆုံးရှုံးလာတဲ့ရောဂါအခြေအနေကြောင့် မျက်စိကွယ်ခဲ့ရတဲ့ လူတွေအတွက် လျှပ်စစ်လှိုင်းပြတ်ရှည်တွေကို ထုတ်ပေးနိုင်တဲ့ အစားထိုးပစ္စည်းတစ်ခုကို သိပ္ပံပညာရှင်တွေ တီထွင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဒီ မျက်စိအတွင်းထည့်သွင်းရတဲ့အစားထိုးစက်ပစ္စည်းကြောင့် retinitis pigmentosa (RP) ခေါ် မျက်စိအာရုံခံလွှာပျက်စီးမှုကြောင့် အမြင်အာရုံချို့ တဲ့ကာ မျက်စိကွယ်နိုင်တဲ့ ရောဂါခံစားနေရတဲ့ ဗြိတိန်နိုင်ငံသားပေါင်း ၂၀၀၀၀ ကျော်မှာ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာရပြီ ဖြစ်ပြီး  လေ့လာမှုအရလည်း ဒီစက်ဟာ ပုံရိပ်ပြတ်သားမှုကို ကောင်းမွန်စေကြောင်း တွေ့ ရှိခဲ့ရပါတယ်။

RP ရောဂါဟာ ကြက်မျက်သင့်ရောဂါလို့ ခေါ်ကြတဲ့ ညဘက်မမြင်ရတဲ့ရောဂါကို ဖြစ်စေတဲ့ အဓိကရောဂါ အခြေအနေတစ်ခုလည်းဖြစ်ပြီး  ရှားပါးတဲ့မျိုးရိုးလိုက်ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ မျက်စိအာရုံခံလွှာမှာတည်ရှိတဲ့ အလင်းဖမ်းတဲ့ဆဲလ်လေးတွေ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာမှုကြောင့် ဖြစ်ရကာ နောက်ဆုံးမှာ မျက်စိကွယ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ လူ ၄၀၀၀ မှာ တစ်ယောက် ဖြစ်နိုင်တယ်လို့  လည်း သိရပါတယ်။

RP ရောဂါခံစားနေရတဲ့လူနာတစ်ယောက်ကို Argus လို့ ခေါ်တဲ့ အဆိုပါ အစားထိုးပစ္စည်းလေးကို မျက်စိရဲ့အနောက်မှာတပ်ဆင်စမ်းသပ်ခဲ့ရာမှာ Argus ဟာ  လျှစ်စစ်သံလိုက်လှိုင်းပြတ်ရှည်တွေ မျက်စိအာရုံလွှာကို တိကျကောင်းမွန်စွာလှုံ့ဆော်မှုပေးနိုင်ခဲ့တာကို တွေ့ ရှိခဲ့ရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ