လျှပ်စစ်သံလိုက်စက်ကွင်း ကုထုံးဟာ ဦးနှောက်အကျိတ်ရောဂါတွေကို သက်သာပျောက်ကင်းစေနိုင်




သုတေသီတွေဟာ သံလိုက်စက်ကွင်းတစ်မျိုးဟာ ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါတွေ ခံစားနေရတဲ့လူနာတွေအတွက် ကုသမှုအသစ်ဖြစ်နိုင်တာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အကျိတ်ကုသရေး စက်ကွင်း - သိပ်သည်းဆနည်းပြီး အလယ်အလတ်တန်းစား ကြိမ်နှုန်းလွှတ်ပေးတဲ့ သံလိုက်စက်ကွင်းတွေဟာ လူနာတွေကို ထိရောက်တဲ့ကုသမှုပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပြီး University of Zurich မှ သုတေသီတွေဟာ Glioblastoma ဝေဒနာရှင်တွေကို စမ်းသပ်ကုသခဲ့တာဖြစ်ပါတယ်။

Glioblastoma ဆိုတာ ဦးနှောက် သို့ အာရုံကြောစနစ်မှာ ထိခိုက်စေတဲ့ အကျိတ်တစ်မျိုး လျင်မြန်စွာဖြစ်ပေါ်လာတာဖြစ်ပြီး ကုသဖို့ ခက်ခဲတဲ့အတွက် ဒီလိုရောဂါ စမ်းသပ်တွေ့ရှိပြီး ၁ နှစ် ၂ နှစ်အတွင်း သေဆုံးကြရတာဖြစ်ပါတယ်။

TTFields လို့ခေါ်တဲ့ သံလိုက်စက်ကွင်းကုထုံး ခံယူသူ လူနာတွေဟာ တစ်နေ့ကို ၁၈ နာရီကြာ ကုသခံရတာဖြစ်ပြီး “ ခုလို လေ့လာချက်အသစ်ကြောင့် ပြန်လည်ကျန်းမာလာနိုင်မယ့် ကောင်းကျိုးတွေ အများကြီး ဖြစ်ထွန်းလာပါတယ်” လို့ Duke University မှ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ John Sampson က ရှင်းလင်းပြောကြားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ