ပိတ်လှောင်မှု အကြောက်လွန်တဲ့ စိတ်ရောဂါရှိကြောင့် ထောင်ကနေ အစောကြီးလွတ်မယ့် အမျိုးသမီး




အကျဉ်းသားအမျိုးသမီးတစ်ဦးဟာ claustrophobia ခေါ် ပိတ်လှောင်မှုကိုအကြောက်လွန်တဲ့စိတ်ရောဂါရှိမှု ကြောင့် အကျဉ်းထောင်ကနေ စောစီးစွာ လွတ်တော့မှာဖြစ်ပါတယ်။

သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာဖွင့်လှစ်ထားပြီး လူနာတွေကိုနှိပ်စက်မှုကြောင့် ထောင်ထဲရောက်ခဲ့ရတဲ့ အသက် ၅၉ နှစ်အရွယ်၊ Indrannee Pumbien ဟာ အကျဉ်းထောင်သံတိုင် တွေနောက်မှာ စိတ်ဝေဒနာခံစားနေရကြောင်း သူမရဲ့ရှေ့ နေတွေက တင်ပြပြီးနောက်မှာ ထောင်ဒဏ်သက်တမ်းကို လျှော့ချပေးမှုကို ခံစားခဲ့ရပါတယ်။

Pumbien ဟာ သတိမေ့ရောဂါသည်နှစ်ဦးကို အစာကျွေးရာမှာ အတင်းအကြပ်အဓမ္မပြုလုပ်ခဲ့ပြီး၊ လူနာ တစ်ယောက် ရေနွေးပူလောင်မှုကို ဆေးကုသမှုမပေးခဲ့တာကြောင့် သြဂတ်စ်လမှာ ထောင်ဒဏ် ၁၈ လ ကျခံခဲ့ရတာဖြစ်ပါတယ်။

Pumbien ဟာ ရိပ်သာနေသက်ကြီးရွယ်အိုတွေကို အစားအသောက်အတင်းကျွေးခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရပြီး အသက် ၉၉ နှစ်အရွယ် အဘွားအိုရဲ့ပါးစပ်ထဲကို သတ္တုဇွန်းနဲ့ အစာ အတင်းထိုး ထည့်နေတဲ့ဖြစ်ရပ်တစ်ခုကိုလည်း မြင်တွေ့ ခဲ့ရပါတယ်။

သူမရဲ့ ခင်ပွန်းနဲ့ အလုပ်သမားတစ်ဦးကိုလည်း နှိပ်စက်မှုကိုလျစ်လျူရှုမှုနဲ့ ထောင်ဒဏ် ကိုးလ နဲ့ ငါးလ အသီးသီး ကျခံစေဖို့ တရားရုံးက ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Pumbien ရဲ့ ၀တ်လုံတော်ရရှေ့ နေ Alistair Webster QC က သူမဟာ သူမရဲ့အလုပ်အကိုင်ကို ဆုံးရှုံးခဲ့မှု၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာကို ဆုံးရှုံးခဲ့ရမှု နဲ့ သူမရဲ့ ၀င်ငွေတို့ အကြီးအကျယ်ထိခိုက်ခဲ့ရမှု တို့ ရဲ့ အကျိုးဆက်တွေအပေါ် ထောက်ပြဆွေးနွေးခဲ့ပါတယ်။

“သူမအနေနဲ့ ထောင်ထဲမှာ ခဏခဏ စိတ်ဓာတ်ကျအားငယ်မှုကို ထောက်ဆကြည့်မယ်ဆိုရင်၊ဒါဟာ ပိတ်လှောင်ကြောက်လွန်စိတ် ရောဂါခံစားနေရတဲ့လက္ခဏာပါ။ မူလပြစ်ဒဏ်ချမှတ်ထားသလောက် ထောင်ဒဏ် စီရင်ချက်က ကြာဖို့ မသင့်တော်ပါဘူး” လို့ ရှေ့ နေက လျှောက်ထားခဲ့ပါတယ်။

အဆိုပါအသနားခံချက်ကို တရားသူကြီးတွေက လက်ခံစဉ်းစားခဲ့ပြီးနောက် ထောင်ဒဏ်ကို ၁၂ လတိတိ လျှော့ချပေးလိုက်ကာ ခရစ်စမတ်မတိုင်မီ ထောင်ကလွတ်တော့မှာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ