အရိုး ကျန်းမာရေးအတွက် ဗီတာမင် ဒီ ဟာ အဓိက အရေးပါတယ်ဆိုတာကို သိထားကြပြီးဖြစ်ပါတယ်။ ခုလည်း ဗီတာမင် ဒီ ချို့တဲ့ရင် ဦးနှောက်နဲ့ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်နိုင်တယ်လို့ ကန်တက္ကီတက္ကသိုလ် သုတေသီတွေရဲ့ သုတေသနပြုချက်တွေအရ သိရပါတယ်။
ဒီသုတေသန ရလဒ်တွေကို Free Radical Biology and Medicine ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေထားပါတယ်။ သက်လတ်ပိုင်း ကြွက်တွေကို ဗီတာမင်ဒီ နည်းတဲ့ အစာတွေကိုပဲ လပေါင်းများစွာ ကြွေးပြီး စမ်းသပ်တဲ့အခါ အဲ့ဒီ့ကြွက်တွေမှာ ဦးနှောက်ကို ထိခိုက်စေတဲ့ Free Radical တွေဖြစ်လာပါတယ်။ သင်ယူမှုနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ တွေမှာလဲ အားနည်းလာတာကို တွေ့ရပါတယ်။
ဗီတာမင် ဒီ ချို့တဲ့ရင် ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းလာပြီး ဒီသက်ရောက်မှုကို လျှော့မတွက်ထားသင့်ကြောင်းနဲ့ အမေရိက မှာ ဗီတာမင်းချို့တဲ့မှုနှုန်း မြင့်တက်နေကြောင်း သုတေသီတွေက ပြောသွားပါတယ်။
( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.comRef: Public Health