ဦးနှောက်ပျက်စေသော အလေ့အကျင့်များ



၁။ နံနက်စာမစားခြင်း။
နံနက်စာမစားတဲ့သူတွေမှာ သွေးဓာတ်၊ သကြားဓာတ်နည်းတတ်ပါတယ်။ ဒီလိုဆိုရင် ဦးနှောက်ကို အာဟာရဓာတ် ထောက်ပံ့မှု မလုံမလောက်ဖြစ်ပြီး ဦးနှောက်ယိုယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။

၂။ အလွန်အကျူးစားသောက်ခြင်း။
အလွန်အကျုးစားရင် ဦးနှောက်သွေးလွှတ်ကြောတွေ မာလာပြီး စိတ်ခွန်အားလျှော့နည်းမှု ဖြစ်လာပါလိမ့်မယ်။

၃။ ဆေးလိပ်သောက်ခြင်း။
ဆေးလိပ်သောက်ရင် ဦးနှောက်ဟာ ကျုံ့လာပြီး အယ်လ်ဇိုင်းမာရောဂါ ဖြစ်သွားတတ်ပါတယ်။

၎။ အချိုအရမ်းစားခြင်း။
အချိုအရမ်းစားရင် အသားဓာတ်နဲ့ အာဟာရဓာတ် စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုဆိုရင်တော့ အာဟာရဓာတ်ချို့တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အဟန့်အတားဖြစ်စေပါတယ်။

၅။ လေထုညစ်ညမ်းခြင်း။
ဦးနှောက်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးမှာ အောက်စီဂျင် အသုံးစွဲဆုံး အင်္ဂါဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ လေကို ရှူရှိုက်ခြင်းဟာ ဦးနှောက်ထဲအောက်စီဂျင် ထောက်ပံ့ပေးမှုကို လျော့ကျစေပြီး ဦးနှောက်စွမ်းဆောင်ရည်လဲ ကျလာပါတယ်။

၆။ အိပ်ရေးမ၀ခြင်း။
အိပ်မှ ဦးနှောက်ဟာ အနားရမှာပါ။ အိပ်ရေးမ၀တာ ရေရှည်ဖြစ်လာရင် ဦးနှောက်ဆဲလ် သေဆုံးမှုနှုန်း မြင့်လာပါလိမ့်မယ်။

၇။ ခေါင်းမြီးခြုံအိပ်ခြင်း။
ခေါင်းမြီးခြုံအိပ်တာပဲဖြစ်ဖြစ်၊ ခေါင်းကိုတစ်ခုခုနဲ့ဖုံးပြီးအိပ်တာပဲဖြစ်ဖြစ် လုပ်ရင် ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုများလာပြီး ဦးနှောက်ထိခိုက်ပါလိမ့်မယ်။

၈။ ဖျားနာနေတုန်း ဦးနှောက်အလုပ်ပေးခြင်း။
ဖျားနာနေတုန်း အလုပ်အရမ်းလုပ်တာ၊ စာကျက်တာတွေဟာ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းစေပြီး ထိခိုက်မှုကိုလည်းဖြစ်စေပါတယ်။

၉။ လှုံ့ဆော်ပေးမယ့် အတွေးအခေါ် ကင်းမဲ့ခြင်း။
ဦးနှောက်ကို လေ့ကျင့်ပေးဖို့အကောင်းဆုံး နည်းလမ်းကတော့ စဉ်းစားတွေးခေါ်တာပါပဲ။ ဦးနှောက်ကို လှုံ့ဆော်ပေးမယ့် အတွေးအခေါ်တွေ ကင်းမဲ့နေပြီဆိုရင် ဦးနှောက်က တဖြည်းဖြည်းနဲ့ ကျုံ့လာပါလိမ့်မယ်။

၁၀။ စကားပြောနည်းခြင်း။
အသိဉာဏ်ပိုင်းဆိုင်ရာ ပြောစကားတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါလိမ့်မယ်။

( Jack )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref:searchparineeti

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ