နီကိုတင်း ပမာဏ နည်းတဲ့ ဆေးလိပ်တွေ သောက်ခြင်းဟာ ဆေးလိပ်ဖြတ်နိုင်ဖို့ အထောက်အကူုဖြစ်စေ




နီကိုတင်း ပမာဏ နည်းနည်းလေးပဲ ပါဝင်တဲ့ စီးကရက်တွေဟာ စီးပွားဖြစ်ရောင်းချနေတဲ့ ဆေးလိပ်တွေထက် ပိုပြီး ဆေးလိပ်သောက်တတ်သူတွေ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အကူအညီပေးနိုင်တယ်လို့ လက်ရှိလေ့လာမှု တစ်ခုက ဆိုလိုက်ပါတယ်။

ဆိုလိုချင်တာကတော့ ဆေးလိပ်တိုင်းမှာ နီကိုတင်း ပါဝင်တာကတော့ ငြင်းလို့မရပါဘူး။ ဒါပေမယ့်လည်း တစ်ချို့ဆေးလိပ်ဘူးတွေမှာတော့ "Light" (သို့) "Ultra Light" စသဖြင့် စာသားတွေပါဝင်ကြပြီး ထိုစာသားတွေဟာ နီကိုတင်းပမာဏ နည်းပါးတာကိုပြသထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို နီကိုတင်း ပမာဏနည်းပါးတဲ့ ဆေးလိပ်တွေဟာ ဆေးလိပ်သောက်တတ်သူတွေကို ဆေးလိုက်ဖြတ်နိုင်သွားအောင် ကူညီပေးနိုင်စွမ်းရှိတာပဲ ဖြစ်ပါတယ်။

အထက်ပါ စာသားမျိုးမပါဝင်တဲ့ စီးကရက်တွေအားလုံးရဲ့ နီကိုတင်းပါဝင်မှု ပမာဏကတော့ များသောအားဖြင့် တူညီပါတယ်။ တံဆိပ်နဲ့ အမျိုးအစားအပေါ်မူတည်ပြီး အရသာပဲ ကွဲပြားသွားတာ ဖြစ်ပါတယ်။ စွဲလန်းမှု အပေါ်မှာတော့ စစ်မှန်တဲ့ သက်ရောက်မှု တွေ မရှိနိုင်ပါဘူး။

၂ နှစ်ကြာလေ့လာခဲ့တယ်ဆိုတဲ့ ပြီးခဲ့တဲ့ လေ့လာမှု တစ်ခုမှာတော့ နီကိုတင်းပမာဏ နည်းတဲ့ စီးကရက်တွေဟာ လူတွေကို ဆေးလိပ်လျှော့သောက်အောင် ပင်မလုပ်နိုင်ဘူးလို့ ဆိုထားခဲ့ပေမယ့် ဒီ လေ့လာမှုမှာတော့ နီကိုတင်း ပမာဏ နည်းလေလေ ဆေးလိပ်ဖြတ်နိုင်ဖို့ အခွင့်အလမ်းများလေလေပဲ ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါပြီ။

Pittsburgh တက္ကသိုလ်မှာရှိတဲ့သုတေသီတွေဟာ တစ်နေ့ကို စီးကရက် ၅ လိပ် အနည်းဆုံး သောက်တတ်သူ ၈၅၀ ယောက်တို့ကို သူတို့သောက်နေကြဆေးလိပ်တွေလည်း သောက်ခိုင်းခဲ့သလို ဈေးကွက်ထဲက နာမည်ကျော် တံဆိပ် စီးကရက်တွေကိုလည်း ၆ အပတ် အတွင်းရွေးချယ် သောက်ကြည့် စေခဲ့ကြပါတယ်။

ထို နာမည်ကျော် တံဆိပ် စီးကရက်တွေမှာတော့ ဆေးရွက်ကြီး ၁ ဂရမ်မှာ နီကိုတင်း ၁၅.၈ မီလီဂရမ်ကနေ ၀၄. မီလီဂရမ် ထိ စသဖြင့် နီကိုတင်း ပါဝင်မှု မတူညီကြပါဘူး။ သုတေသီတွေရှာဖွေတွေ့ရှိခဲ့တာကတော့ ဆေးရွက်ကြီး ၁ ဂရမ်မှာ နီကိုတင်း ၀.၄ မီလီဂရမ် ၊ ၁.၃ မီလီဂရမ် နဲ့ ၂.၄ မီလီဂရမ် ခန့်သာ သောက်စေခဲ့သူတွေဟာ သူတို့ နေ့စဉ်သောက်နေကြ ဆေးလိပ်အရေအတွက်ကို ၂၃ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်နိုင်ပြီး ပျမ်းမျှ အားဖြင့် တစ်နေ့ကို ဆေးလိပ် ၁၄ လိပ်နေ ၁၇ လိပ်ထိသာ သောက်ဖြစ်ကြတယ်ဆိုတာပါ။


ဒါပေမယ့် ဆေးရွက်ကြီး ၁ ဂရမ်မှာ နီကိုတင်း ၁၅.၈ မီလီဂရမ် ပါဝင်တဲ့ စီးကရက်တွေကို သောက်ခဲ့ရသူတွေကတော့ သူတို့ သာမန်သောက်နေကြအတိုင်းပဲ တစ်နေ့ကို စီးကရက် ၂၁ လိပ်ကနေ ၂၂ လိပ် ဆက်လက် သောက်ဖြစ်သွားကြပါတယ်။ ဆေးရွက်ကြီး ၁ ဂရမ်မှာ နီကိုတင်း ၅.၂ မီလီဂရမ် ပါဝင်တဲ့ စီးကရက်ကိုသောက်ခဲ့သူကတော့ တစ်နေ့ကို ပျမ်းမျှအားဖြင့် ၂၀.၈ လိပ်ခန့် ဆက်လက်သောက်သုံးနေကြပါတယ်။ ဒါကြောင့် နီကိုတင်းပမာဏ နည်းတဲ့ဆေးလိပ်တွေကို သောက်တဲ့အခါ ဆေးလိပ်ဖြတ်ဖို့ လွယ်ကူသွားပြီး နီကိုတင်းပမာဏ များပြားတဲ့ ဆေးလိပ်တွေကတော့ နီကိုတင်းအနည်းအများနဲ့ မဆိုင်ပဲ ပုံမှန် အရေအတွက် အတိုင်းပဲ ဆက်လက် သောက်ဖြစ်နေတာကိုတွေ့ရမှာပါ။

ဒီလေ့လာမှုကိုတော့ New England Journal of Medicine ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi




မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ