အစာအိမ်ကင်ဆာ ဝေဒနာရှင်များအတွက် နှစ်ဆပိုမိုအသက်ရှင်ခွင့်ပေးသည့် အကိုက်အခဲပျောက်ဆေး




သုတေသနရပ်ပေါင်း မြောက်များစွာမှာ အကိုက်အခဲပျောက်ဆေးကို မှော်ဆေးပြားလို့သမုတ်ကြပါတယ်။ ကင်ဆာရောဂါအချို့အတွက် ထိရောက်တဲ့ ဖြည့်စွက်ဆေးဝါးဖြစ်ကြောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အခုလည်း အကိုက်အခဲပျောက်ဆေး ပုံမှန်သောက်သုံးခြင်းဟာ အစာအိမ်ကင်ဆာ ဝေဒနာရှင်တွေကို နှစ်ဆပိုမိုအသက်ရှင်ခွင့် ပေးနိုင်တယ်ဆိုပြီး လေ့လာမှုသစ်တစ်ရပ် ထွက်ပေါ်လို့ လာပြန်ပါတယ်။

လေ့လာမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဗီယင်နာ၊ သြစတြီးယားမှာ ကျင်းပခဲ့တဲ့ ၂၀၁၅ခုနှစ် ဥရောပကင်ဆာကွန်ဂရက်မှာ ရှင်းလင်းခဲ့တာပါ။ ရှင်းလင်းပြောကြားခဲ့သူကတော့ သုတေသနကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Martin Frouws (နယ်သာလန်ဆေးတက္ကသိုလ်) ပဲဖြစ်ပါတယ်။

သာမန် အကိုက်အခဲပျောက်ဆေးဟာ အထူးထုတ်လုပ်ထားတဲ့ ကင်ဆာဆေးဝါးပေါင်း မြောက်များစွာထက် သာတဲ့အစွမ်းရှိနေကြောင်း လေ့လာမှုအချက်အလက်တွေကို လူတော်တော်များများက အံ့အားသင့်ခဲ့ရပါတယ်။ အကိုက်အခဲပျောက်ဆေး ပုံမှန်သောက်သုံးပေးခြင်းဟာ ကင်ဆာရောဂါအချို့ ဖြစ်ပွားခြင်း အန္တရာယ်မှ လျှော့ချပေးနိုင်ကြောင်းကို ယခင်လေ့လာမှုတွေက ပြသခဲ့ပြီးဖြစ်ပါတယ်။

အရေပြားကင်ဆာ၊ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာ ဝေဒနာရှင်များအတွက် ခုခံအားစနစ်ကို တိုးမြှင့်ပေးတဲ့နေရာမှာ အကိုက်အခဲပျောက်ဆေးဟာ အလွန်ထိရောက်မှုရှိပါတယ်။ အကိုက်အခဲပျောက်ဆေးဟာ အူကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်တဲ့အကြောင်း အရင်လက ထုတ်ဝေခဲ့တဲ့ သုတေသနရပ်မှာ ဖော်ပြပြီးဖြစ်ပါတယ်။

“မူပိုင်ခွင့်မရှိတဲ့ အကိုက်အခဲပျောက်ဆေးသောက်သုံးရတာ ဈေးသက်သာပါတယ်။ လူနာတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်။” လို့ ဒေါက်တာ Frouw ကပြောခဲ့ပါတယ်။

( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref:NYC Today

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ