အသည်းခြောက်ခြင်းမှတစ်ဆင့် အသည်းကင်ဆာဖြစ်ပွားနိုင်


 အသည်းခြောက်ခြင်းမှတစ်ဆင့် အသည်းကင်ဆာရောဂါအထိ ဖြစ်ပွား စေနိုင်ကြောင်း သိရသည်။ အဆိုပါ အသည်းခြောက်ခြင်းကြောင့် အသည်းကင်ဆာကိုပါ ဖြစ်ပေါ်လာနိုင်ပြီး အရက်သောက်ခြင်းကြောင့်လည်း အသည်းကို ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်ကြောင်းလည်း ဒေါက်တာမြင့်သန်းထွန်းက ပြောသည်။

“အသည်းကင်ဆာ မဖြစ်ခင်မှာ အသည်းခြောက်တယ်။ အသည်းခြောက်ရတဲ့ အကြောင်းအရင်းကတော့ အများကြီးရှိပါတယ်။ အသည်းမခြောက်အောင် ကာကွယ်လို့ရသလို တချို့ကျတော့လည်း ဟန့်တားဖို့ ခက်ခဲတာ တွေလည်းရှိတတ်တယ်။ ဒီလို အသည်းခြောက်ရောဂါ အရမ်းဆိုးဝါးလာပြီဆိုရင်တော့ သူ့ရဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ မျက်လုံးဝါလာမယ်၊ ရေဖျဉ်းစွဲပြီး ဗိုက်ကြီးဖောင်းလာမယ်၊ ဆီးတွေက ဝါရာကနေနီလာမယ်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ပင့်ကူအိမ်လိုမျိုး အကွက်လေးတွေ ဖြစ်လာမယ်ဆိုရင်တော့ အသည်းခြောက်ရောဂါ ဖြစ်နေပြီလို့ ပြောနိုင်တယ်” ဟု ပြောသည်။

လူတစ်ဦးတွင် အသည်းခြောက်ရောဂါ ဖြစ်ပွားနေပြီဆိုပါက ရေဖျဉ်းစွဲပြီး ဝမ်းဗိုက် ဖောင်းလာတတ်ကြောင်း အချို့သောသူများသည် ရေဖျဉ်းစွဲခြင်းကို ထမင်းစားပြီး ရေချိုးသည့်အတွက်ဖြစ်ရခြင်းဟု အယူအဆ မှားယွင်းနေကြကြောင်း ယင်းက ဆက်လက်ပြောသည်။

“အသည်းကင်ဆာက အရက်အလွန်အကျွံ သောက်တာ၊ အသည်းအဆီဖုံးတာ ပြီးတော့ အသည်းရောင်ဘီပိုး၊ စီပိုးတွေကို သေသေချာချာ မကုသတဲ့အခါမှာ အသည်းကင်ဆာကို ဖြစ်စေတယ်။ အခုဆိုရင် အရက်ကို အလွန်အကျွံ သောက်လာကြတယ်။ ကိုယ်လက်လုပ်ရှားမှု အားနည်းတဲ့အတွက် အဝလွန်တာတွ ဖြစ်လာတယ်” ဟု ယင်းက ဆက်လက်ပြောသည်။

အသည်းကင်ဆာသည် မှိုတက်သော အစားစာများနှင့် အသည်းရောင် ဘီ၊ စီ ပိုးရှိသောသူများမှ တစ်ဆင့် လည်းကူးစက်နိုင်ကြောင်း သိရသည်။

“ဒီအသည်းကင်ဆာကများသော အားဖြင့်တော့ မှိုတက်တဲ့အစားစာ တွေကနေတစ်ဆင့် ကူးနိုင်တယ်။ တချို့က မှိုတက်တဲ့ အစားစာတွေကို နှမြောပြီး သိသိကြီးနဲ့ စားလိုက်တာတွေ ရှိသလို မသိဘဲစားလိုက်တာတွေရှိတယ်။ ဘယ်လိုပဲစားစား စားတာများ လာရင်တော့ ရောဂါဖြစ်လာနိုင်တာပဲ။ နောက်တစ်ခုက အသည်းရောင်ဘီ၊ စီပိုးရှိတဲ့သူတွေကနေ တစ်ဆင့်လည်း ကူးနိုင်တယ်။ တံတွေး၊ သွေး၊ မစင် တို့ကနေလည်း ကူးစက်နိုင်တယ်” ဟု ယင်းကဆက်လက်ပြောသည်။

ယင်းသို့ မကူးစက်အောင် ကာကွယ်ဆေးထိုးထားရန် လိုအပ်ကြောင်း သိရသည်။ “ဒီရောဂါက ကာကွယ်လို့ ရပါတယ်။လူကြီးရော လူငယ်ရော ကာကွယ်ဆေးထိုးထားရင်တော့ အကောင်းဆုံးပေါ့။ ကလေးငယ်လေးဆိုရင် မွေးစတည်းက ကာကွယ်ဆေး ထိုးထားရတယ်။ ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေ ဆိုရင်လည်း ကာကွယ်ဆေးထိုးထားတာ အကောင်းဆုံးပါပဲ” ဟု ပြောသည်။

ယင်းသို့ အသည်းရောဂါ ခံစားနေရပါက တတ်သိနားလည်သော ဆရာဝန်များနှင့်သာပြသရန် ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က အကြံပြုပြောထားသည်။

သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ