ပင်ပန်းနွမ်းနယ်ခြင်းအတွက် ကုထုံးများ




သင်ဟာ အိပ်ရာနိုးကတည်းက အိပ်ရေးမ၀ဘူး။ တစ်နေ့လုံး လည်း ပျင်းတိပျင်းရွဲနဲ့ ညနေလည်း အားမရှိသလိုမျိုး ဖြစ်နေပါသလား။

ဗြိတိန်မှာ ရှိတဲ့ အထွေထွေ ရောဂါသည် လူနာ ၅ ယောက်မှာ တစ်ယောက်စီကို ပင်ပန်းနွမ်းနယ်ခြင်းတွေနဲ့ ဆိုင်တဲ့ စစ်တမ်းကောက်ယူမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ များသောအားဖြင့် ပင်ပန်းနွမ်းနယ်မှုတွေဟာ အိပ်ရေးမ၀ခြင်း ၊ ကော်ဖီသောက်တာများခြင်းနဲ့ သွေးထဲမှာ သံဓါတ်နည်းခြင်းတို့ ကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အများဆုံး ပင်ပန်းမှု ကို ဖြစ်ပေါ်စေတာကတော့ ရေဓါတ်ခမ်းခြောက်မှုပဲ ဖြစ်ပါတယ်။ Healthista သတင်းဌာနမှ သတင်းထောက်တစ်ဦးဖြစ်တဲ့  Isbella Sullivan က အထူးကု ဆရာဝန် ၄ ယောက်ကို တွေ့ဆုံမေးမြန်းခဲ့ရာမှာတော့ ချော့ကလက်နဲ့ ရေနွေးကြမ်းကစပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်တဲ့အရာ တွေ ၊ အမြဲတမ်း သတိရှိနေစေမယ့် အရာတွေသိခဲ့ရပါတယ်။

ချော့ကလက်စားခြင်း ၊ ရေနွေးကြမ်းသောက်ခြင်းနဲ့ အသက်မှန်မှန်ရှုခြင်းတို့ဟာ စိတ်ကို ငြိမ်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေကာ ကျော အပေါ်ပိုင်း ၊ နံရိုးနဲ့ ရင်ဝမ်းခြား ကြွက်သားတို့ရဲ့ လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်တဲ့ နာကျင်မှုတို့ကို သက်သာစေပါတယ်။

မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ တရားထိုင်ခြင်းတို့ဟာလည်း နေ့စဉ် အလုပ်ကိစ္စများကို အာရုံစူးစိုက်မှု အားကောင်းလာစေပါတယ်။ သဘာဝ အလင်းရောင်ကိုကြည့်ရှုပေးခြင်းဟာလည်း ဦးနှောက်ရဲ့ သက်ရောက်မှုတွေကို နိုးကြားစေပါတယ်။ လဲလျောင်းအနားယူခြင်းကတော့ ကောင်းပေမယ့်လည်း အချိန်တိုင်းတော့ မသင့်တော်ပါဘူး။ ခဏတစ်ဖြုတ်လောက်လဲလျောင်းလိုက်ခြင်းဟာလည်း သင့်ရဲ့ အာရုံကြောစနစ်တွေကို ခဏတစ်ဖြုတ် အနားပေးလိုက်ရာ ရောက်ပါတယ်။

ဒါတွေကတော့ အထူးကုဆရာဝန်ကြီးတွေ ပြောပြခဲ့တဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေအတွက် ကုထုံးအချို့ပါပဲ။

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ