လူပျိုပေါက် အပျိုပေါက်နှင့် အဝလွန်ခြင်း


လူ ပျိုပေါက် အပျိုပေါက် အရွယ်ရောက်လာလျှင် တချို့ ကလေးများသည် အဝ လွန်လာကြသည်။

အဝ လွန်ခြင်းသည် မျိုးရိုးကြောင့် ဖြစ်နိုင်ပြီး ဟော်မုန်း အပြောင်းအလဲ၊ လိုအပ်သည်ထက် ပိုစားခြင်းနှင့် တခြား အကြောင်းများကြောင့်လည်း ဖြစ်ပွားနိုင်သည်။

ဟော်မုန်း

မိန်းကလေးများ ဟော်မုန်း (အီစတြိုဂျင်)ကြောင့် အဆီများ သူ့နေရာနှင့်သူ စုလာကာ ပိုလျှံသော အဆီများက အဝ လွန်စေသည်။ အဝလွန်လျှင် ဆရာဝန်နှင့် စနစ်တကျ ပြသပြီး ညွှန်ကြားမှု ခံယူရမည်။ အရွယ် ငယ်စဉ်က ပိန်ရှည်ရှည် ဖြစ်နေသော်လည်း အပျိုပေါက်၊ လူပျိုပေါက် အရွယ်တွင် ဟော်မုန်းကြောင့် ဝလာ တတ်သည်။ မိန်းကလေးများ ၅၈ ရာခိုင်နှုန်း အနေတော် ဖြစ်လာပြီး ၁၈ ရာခိုင်နှုန်း ပိုဝ လာတတ်သည်။ ယောက်ျားလေး ၄၂ ရာခိုင်နှုန်းမှာ ဝလာရန် ရှိသည်။ ဟော်မုန်း အပြောင်းအလဲက အရပ် ပိုရှည်လာ၊ ဝလာ စေသည်။

အစား

ကိုယ်ခန္ဓာ ကြီးထွား ရှင်သန်စေရန် အစားအစာ၊ အဆီဓာတ်၊ ကစီဓာတ်၊ အသားဓာတ် စားရမည်။ ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲအမျိုးမျိုး စသည့် ဟင်းသီးဟင်းရွက်၊ အသီးအနှံများ ပိုစားပေးရမည်။ အသား၊ အဆီ လျှော့စားရမည်။ အစားကို အမြဲတမ်း မစားရပါ။ အဆီပါသည့် အစား မစားဘဲ ပရိုတိန်းပါသည့် ဟင်းသီး ဟင်းရွက်၊ ဥ အမျိုးမျိုးနှင့် သစ်သီးများ စားသင့်သည်။ မလိုင် ဖယ်ထားသည့် နို့နှင့် နို့ထွက်ပစ္စည်း သုံးရမည်။ ဟင်းချက် ရာတွင် ဝက်ဆီ၊ နှစ်ခါပြန်ဆီ၊ စားအုန်းဆီ မသုံးဘဲ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ သုံးသင့်သည်။ အသင့် အမြန်စားစနစ်များ ရှောင်ရသကဲ့သို့ ဌာပနာမုန့်၊ ကိတ်မုန့်၊ တချို့ အဆီပါသည့် မုန့်များ ရှောင်ရမည်။

စိတ်

တချို့သူများ စိတ်ကျရောဂါ ဖြစ်နေခြင်း၊ စိတ်ညစ်ခြင်း၊ ဝမ်းနည်းနေခြင်း၊ နူနာ၊ ဆီးလမ်းကြောင်း ရောဂါ၊ စိတ်လှုပ်ရှားလွန် ရောဂါ၊ ညဘက် အစာပိုစားခြင်း၊ ရေပိုသောက်ခြင်းကြောင့် ရောဂါ ပိုတိုး၍ ဝလာကြသည်။ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံမှုကို အစာဖြင့် ဖြေရှင်းကြသည်။

လှုပ်ရှားမှု နည်းခြင်း

အစားများပြီး နေ့စဉ် နာရီဝက် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) မပြုလုပ်ဘဲ စားပြီးအိပ်၊ အိပ်ပြီးစား ပါက အဝလွန်ရောဂါ ဖြစ်တတ်သည်။ အားကစား လုပ်ရမည်။

မျိုးရိုး

မိဘနှစ်ပါး ဝလျှင် သား၊ သမီး အဝလွန် ဖြစ်တတ်သည်။ မိဘနှစ်ပါး အဝလွန်လျှင် သား၊ သမီး ငါးဦးတွင် လေးဦး အဝလွန် ဖြစ်တတ်သည်။ မိဘများပါ အားကစား ဝါသနာပါပြီး သား၊ သမီးများနှင့် အတူ နေ့စဉ် နာရီဝက်မှ တစ်နာရီ အထိ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပေး သင့်ပါသည်။

မိဘ အလိုလိုက်မှု

တချို့ မိဘများသည် ကလေးများကို အလိုလိုက်၍ ကလေး ပူဆာသမျှ ကျွေးတတ်ကြသည်။ တချို့က စိုးရိမ် လွန်၍ အပြင် ပေးမထွက်၊ လှုပ်လှုပ်ရှားရှား မလုပ်ဘဲ အစားချည်းပဲ ကျွေးတတ်ကြသည်။ ကလေးတွင် စိတ်ရောဂါနှင့် လိင်မှုပြဿနာများ ဖြစ်လာ တတ်ကာ အဝ လွန်တတ်သည်။

ဥာဏ်ရည်

အဝလွန်သူသည် ဥာဏ် ထိုင်းတတ်၊ စာညံ့တတ်ပြီး စိတ်ရောဂါ ရနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံမှုကို အစာဘက် လှည့်ပေးလိုက်သည့် အခါ အဝ လွန်လာကြသည်။ နား လေးတတ်သည်။ ကိုယ်အလေးချိန် အတင်း လျှော့ချခြင်း၊ လျှော့ခိုင်းခြင်းက စိတ်ရောဂါ ရစေသည်။

အကြံပြုချက်

စည်သွပ်ထားသည့် စွပ်ပြုတ်၊ ဆားရည်စိမ် သနပ်နှင့် ဆော့များတွင် သကြားဓာတ် လျှော့ရမည်။ ဖြည်းဖြည်းနှင့် မှန်မှန် ကိုယ်အလေးချိန် လျှော့ရမည်။ ရေဆာလျှင် ရေသောက်ရမည်။ အချိုရည် ရှောင်ရမည်။ သင့်တင့် လျောက်ပတ်သည့် အစားအစာများ စားသင့်ပါသည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ