မူးယစ်ဆေးဝါး၊ HIV နှင့် အနာဂတ်ပျောက်လူငယ်တို့၏ နေ့ရက်များ


တောင်တန်းများက စိမ်းမှောင်မှောင်၊ ရာသီဥတုကအေးမြမြ၊ တိမ်တောင်ကမှုန်ပြပြ၊ လူများက ဖြူလွှလွှ...ဒီဇင်ဘာလအတွင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့ကို စမြင်တွေ့ရသည့် နှင်းမြူကြားကမြင်ကွင်းများက ယနေ့အထိ မေ့မရ။

''ကျွန်တော်တို့ ဒီကချင်ပြည် နယ်ဘက်မှာတော့မှတ်မိသလောက် ဆဋ္ဌမတန်း ကျောင်းသားဘဝက တည်းကဆေးခြောက်ရှူတဲ့ကျောင်း သား အချင်းချင်းလာမြူဆွယ်ကြ တာပဲ။ ဒါကောင်းတယ် မင်းရှူ မလားပြောတယ်။ကျွန်တော်ကတော့ အဘိုး ကျေးဇူးကြောင့်ဆေးမရှူတတ်ခဲ့ပါ ဘူး။ဒီလိုပဲ ဒီနယ်ပယ်တစ်ဝိုက်မှာ ဆေးထိုးအပ်ကိုင်တဲ့မူးယစ်ဆေး သုံးသူတွေကိုတွေ့နေရတာ အစဉ် အလာလိုဖြစ်နေပြီ''ဟု ကွယ်လွန် သူ စာရေးဆရာကြီး ဗန်းမော်တင် အောင်၏မြေးဖြစ်သူ ဒေါက်တာ ထက်အောင်(မိုးမောက်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှူး)ကပြော ပြသည်။ထိုတစ်နေ့ကကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ကို ၂ဝ၁၄ ဒီဇင်ဘာ၂၂ရက်က ခြေချ သည်နှင့် လာရင်းမူးယစ်ဆေး အကြောဆေး ထိုးသွင်းသူများနှင့် HIV အန္တရာယ်အကြောင်းသတင်း ယူသွားသည့်ခရီး၌ပထမဆုံးတွေ့ သည့်အထက်ပါဆရာဝန်က ၄င်း တို့ဒေသ၏ လူငယ်များနှင့်မူးယစ် ဆေးဝါးအကြောင်း ပြောပြခြင်း ဖြစ်သည်။မိုးမောက်မြို့နယ်တွင် မူးယစ် ဆေးအမျိုးအစားပေါင်းစုံကို လူ ငယ်များလက်လှမ်းမီကာ ဝယ်ရ လွယ်နေကြောင်း၊ဆေးထိုးအပ်သုံး သည့် မူးယစ်ဆေးသုံးစွဲသူများကို HIV မကူးစက်ရန်ကျန်းမာရေးဘက် ကပညာပေးနေသော်လည်းဥပဒေ ဖြင့်အရေးယူမှာစိုးသူများက အသိ တရားမဲ့စွာသတိလက်လွတ်မူးယစ် ဆေးထိုးသွင်းနေကြဆဲဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။ကချင်ပြည်နယ် ဗန်းမော် ခရိုင် မိုးမောက်မြို့နယ်၌ ၂ဝ၁၁ ခုနှစ်ကကချင်တိုင်းရင်းသားလက် နက်ကိုင်နှင့်တပ်မတော်တို့ တော တွင်းတိုက်ပွဲပဋိပက္ခအနည်းငယ် ပြန်လည်ဖြစ်ပွားခဲ့သည်။ အညို ရောင်နယ်မြေမြို့နယ်၌ဖြစ်သည်။ကချင်လူမျိုး၊ ဗမာလူမျိုးနှင့် ရှမ်း လူမျိုးများနေထိုင်ကြပြီး အခြား လူမျိုးမြန်မာနိုင်ငံသားများလည်း နေထိုင်သည်။လယ်ယာမြေအဓိက လုပ်ဆောင်သည့်နေရာဖြစ်သော် လည်း ယနေ့ကာလတွင် နယ်စပ် အရောင်းအဝယ်များသာ စီးပွား ဖြစ်အလုပ်ဖြစ်နေကြောင်း သိရ သည်။ ''နယ်စပ်မြို့ဆိုတော့ တရား မဝင်အရောင်းအဝယ်နဲ့ တစ်ဆက် တည်း မူးယစ်ဆေးပြဿနာက ပါလာတာပေါ့။ တစ်လလုပ်မှရ တဲ့ငွေကိုဆိုင်ကယ်ကယ်ရီတရုတ် နယ်စပ်က ပြည်နယ်ထဲဆွဲလာရင် တစ်ခေါက်တည်းရတော့ လူငယ် တွေကတခြားအလုပ်မလုပ်တော့ ဘူး။ဆေးခြောက်၊ဆေးပြား၊ ဘိန်း ဖြူ၊ ဘိန်းမည်း နောက်ဆက်တွဲပါ လာတာပဲ။ မူးယစ်ဆေးတားမြစ် လျှော့ချဖို့ရာပြည်နယ်အတွင်းငြိမ်း ချမ်းရေးရဖို့လိုအပ်နေပြီ။အဓိကက စစ်ကြောင့် နယ်စပ်သွားအလုပ် လုပ်နေကြတာများတယ်''ဟု မိုး မောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဇော်ထွန်းကရှင်း ပြသည်။ မူးယစ်ဆေးသုံးသူများ ကိုဖမ်းဆီးအရေးယူသူကို တုတ်၊ ဓားလက်နက်ဖြင့် ခုခံပြန်ချသူများ ရှိကာ တားမြစ်သူကို စီးပွားပျက် အောင် စပါးပုံမီးရှို့၊ ဖရဲခင်းဖျက် ဆီးစသည့် အပြုအမူများရှိခဲ့ဖူး ကြောင်း ဦးဇော်ထွန်းက သူ့ အတွေ့အကြုံကို ပြောပြသည်။ HIV ဗိုင်းရပ်စ်ပိုး၊ အသည်း ရောင်အသားဝါ(B)။(C)ပိုးများကို ဗန်းမော်ခရိုင်အတွင်း မူးယစ်ဆေး သုံးစွဲသူထက်ဝက်ခန့်တွေ့ရှိထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနဗန်းမော်ခရိုင်အမျိုးသားခုခံအား ကျနှင့်ကာလသားရောဂါနှိမ်နင်းရေး အဖွဲ့တာဝန်ခံဆရာဝန် ဒေါက်တာ ဒေါ်နီလာမောင်ကအတည်ပြုပြော ကြားသည်။
အေးမြသည့်တောင်ပေါ်ဒေသ နှင့်ရိုးသားသည့် ကချင်ပြည်နယ် သားများ၏ အပြုအမူ၊ ကိုယ်နေ ဟန်ထား၊ မျက်နှာ၊ ပွင့်လင်းဖော် ရွေသည့်ချစ်စရာဘဝများကို မူး ယစ်ဆေးဝါးကခြိမ်းခြောက်အနိုင် ယူနေခြင်းဖြစ်သည်။မိုးမောက်အထက်ဆက်တက် လျှင် ကချင်ပြည်နယ်၊မြစ်ကြီးနား ၄င်းမှတစ်ဆင့်တစ်ဖက်အိမ်နီးချင်း တရုတ်နိုင်ငံနယ်စပ်လွယ်ဂျယ်မြို့ အထိကားလမ်းများဆက်သွယ်နေ ကာကချင်တိုင်းရင်းသားလက်နက် ကိုင်(KIA)အဖွဲ့ရှိနေကြောင်း သိရ သည်။ မူးယစ်ဆေးဝါးသယ်ယူ ရောင်းဝယ်သုံးစွဲမှုကို တပ်မတော် တာဝန်ရှိသူများသာမက ကချင် တိုင်းရင်းသားလက်နက်ကိုင်(KIA) အဖွဲ့၊သက်ဆိုင်ရာတာဝန်ရှိသူများ က အရေးယူဆောင်ရွက်နေသော် လည်း မူးယစ်ဆေးများက ရှိမြဲရှိ ဆဲသာဖြစ်ကြောင်း ဗန်းမော်မြို့ ဆေးရုံအုပ်ဆရာဝန်ကြီးဒေါက်တာ ခင်မောင်မြင့်က ပြောကြားသည်။HIVဗိုင်းရပ်စ်ရောဂါပိုးကူး စက်ရန်ဦးတည်အုပ်စုများဖြစ်သည့် အမျိုးသမီးလိင်လုပ်သားများ၊အမျိုး သားချင်းလိင်တူဆက်ဆံသူများနှင့် မူးယစ်ဆေးအကြောဆေးထိုးသွင်း သူများစသည့် အုပ်စုများတွင် မူး ယစ်ဆေး အကြောဆေးထိုးသွင်း သူများပေါများသည့် ကချင်ပြည် နယ်နယ်စပ်သည်အန္တရာယ်မလွယ် ပေါက်ဖြစ်နေသည်။HIV/AIDS သည်အသက်(၁၅)နှစ်နှင့်အထက် အရွယ်ရောက်ပြီး သူများအကြား HIV ပျံ့နှံ့မှုနှုန်းဝဒသမ၄၉ ရာခိုင် နှုန်းရှိနေသည်။ HIV ဗိုင်းရပ်စ် ရောဂါပိုးကူးစက်ရန်ဦးတည်အုပ်စု များကြား မူးယစ်ဆေးထိုးသွင်းသူ များတွင် ၁၈ဒသမ၇ (ငါးဦးတွင် တစ်ဦးနှုန်းခန့်)ဖြစ်ပွားနေကြောင်း မြန်မာ့ HIVစစ်တမ်းကောက်ယူ ထားသည့်Global AIDS မှတ် တမ်းမှသိရသည်။တိုင်းပြည်ရတနာကျောက်စိမ်း ထွက်ရာမြေ၊ မြစ်မင်းဧရာမြစ်ဖျား ခံရာမေခ-မလိခမြေ၊လျှပ်စစ်စွမ်း အားထုတ်ပေးသည့် တာပိန်မြစ် ရေအားလျှပ်စစ်စက်ရုံဘူမိနက်သန် မနောမြေ၊ သဘောဖြူ ကချင် တိုင်းရင်းသားတို့၏ မွေးရပ်မြေ တွင် မူးယစ်ဆေးကြောင့် လူငယ် တချို့ လမ်းမှားရောက်နေကြလေ သည်။ ပညာသင်အရွယ်စာသင် ခန်းနှင့်ဝေးကွာသည့် မငြိမ်းချမ်း သည့်လမ်းကိုပြုပြင်ကာ တာဝန်ရှိ သူများလက်ကမ်းကူညီမှ မြန်မာ ပြည်လှတော့မည်။အဘယ်ကြောင့် ဆိုသော် HIV အသစ်ကူးစက်ခံရ သူ၁ဝဝတွင် မူးယစ်ဆေးထိုးသွင်း မှုကြောင့် ကူးစက်ခံရသူ ၃၂ ဦး ခန့်ရှိသည်ဟု UNAIDS (ကုလ သမဂ္ဂ AIDSအဖွဲ့အစည်းများပူး ပေါင်းအဖွဲ့)ကထုတ်ပြန်ထားသည်။ မနောမြေကို ကာကွယ်ကာ အေး ချမ်းသည့်လယ်ယာလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည့် ကချင်တိုင်းရင်းသားလူငယ်ကလေး များကိုငြိမ်းချမ်းရေးနှင့်တကွအောင် မြင်သောအခွင့်အရေးများ လူတိုင်း ပေးချင်ကြပေမည်မဟုတ်ပါလော။ သူတို့လေးတွေလည်း သေနတ်သံ ကိုမုန်းလေပြီ၊မြန်မြန်အေးချမ်းချင် ပါပြီဟု မိုးမောက်မြို့မှ ကချင် တိုင်းရင်းသူဒေါ်ထုက အဝေးက တောင်တန်းစိမ်းမြမြကို ငေးကြည့် ရင်း ညည်းညူသည်။''မူးယစ်ဆေးသုံးစွဲသူကတော့ အသက်အရွယ်အစိတ်အပိုင်းတိုင်း လိုလိုပဲ။ အများဆုံးကလူငယ်။မူးယစ်ဆေးအကြောထဲထိုးသွင်းသူ တွေမှာ HIV တွင်မကဘူး။အသည်း ရောင်(B)၊အသည်းရောင်(C)ပိုးရော ပဲတွေ့နေရတယ်။''အသည်းရောင်(B)ဖြစ်နေ သူပိုများတယ်။ စစ်ဘေးဒုက္ခသည် စခန်းမှာလဲ ရောဂါဖြစ်နေသူ၊ ကူး စက်ခံရသူတွေရှိနေတာပဲ။ ဒါကို ART ဆေးရဖို့ ကျွန်တော်တို့ ကျန်းမာရေးဌာနက သူနာပြုဆရာမ တွေလဲ ဒုက္ခသည်စခန်းလိုက်နေ ရတာပဲ။ သူတို့ကိုယ်တိုင်လဲ ရွာ တွေပျက်တော့ နေစရာမရှိတော့ ဒုက္ခသည်ဖြစ်နေရတာပဲ'' ဟု ဒေါက်တာထက်အောင်(မိုးမောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး) က မချိစကားဆိုသည်။ မြန်မာပြည်မြေပုံပေါ်ထိပ်ဆုံးမှ ကချင်ပြည်နယ်ကား နှင်းဖြူကြား က လှနေဆဲ။ ဖြူစင်သောကချင် တိုင်းရင်းသားများကို မူးယစ်ဆေး ဝါးအန္တရာယ်က ခြိမ်းခြောက်ဆဲ။လက်နက်သံက ရံဖန်ရံခါကြားနေ ဆဲ။ ယမ်းငွေ့က တောင်ကြော တစ်လျှောက်သန်းနေဆဲ။ ပြည် တွင်းစစ်၊ ဒုက္ခသည်စခန်း၊ နယ် စပ်ဂိတ်၊ မှောင်ခိုကုန်များဖြင့် ထို သူတို့အတွက်အနာဂတ်ကအလှမ်း ဝေးနေဆဲ...။

နေဇာမျိုးဆွေ
The Union Daily
http://uniondaily.net/News/DetailView.aspx?id=8473&path=SubNews/OpinionHealth.aspx

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ