ယာဉ်ကျောကျပ်ကျပ်ကိုဖြတ်သန်းပြီး ရုံးတက်ရုံးဆင်း လုပ်ရသူတွေ လုပ်နိုင်စွမ်း သိသိသာသာ ကျဆင်း


ရုံးတက် ရုံးဆင်းချိန်တွေမှာ ဘတ်စ်စကားကျပ်ကျပ်တိုးစီးပြီး ပူအိုက်ချွေးနံ့ရှူနေရသူတွေ၊ ယာဉ် ကျောကျပ်လို့ ကားပေါ်မှာ ငုတ်တုတ် ထိုင် အချိန်ကုန်နေရသူတွေဟာ အလုပ်ထဲမှာပါ စွမ်းဆောင်ရည်ကျ ဆင်းနိုင်ကြောင်း လေ့လာမှုစစ်တမ်း တစ်ရပ်က သတိပေးရေးသားလိုက်တယ်။

ရုံးသွားရုံးပြန်ကို လမ်းပေါ်မှာ အချိန်ကုန်ရတာများလေ ဘ၀အပေါ် ကျေနပ်ပျော်ရွှင်နှုန်းလည်း ကျလေ ဖြစ်ကြောင်း စစ်တမ်းကဆိုတယ်။ ရုံး သွားရုံးပြန်လမ်းပေါ်မှာ အချိန်များ များကုန်နေရသူတွေဟာ ကျန်းမာရေး လေ့ကျင့်ခန်း၊ ၀ါသနာပါရာ လိုက် စားခွင့်ရချိန်တွေ ဆုံးရှုံးသဖြင့် အချိန် ဖိအားရင်ဆိုင်ရတာ ဘ၀ကိုငြီးငွေ့ စိတ်ပျက်မှု ပိုများကြောင်းလည်း သိ ရတယ်။

လေ့လာမှုစစ်တမ်းကို ကနေဒါ နိုင်ငံ ၀ါတာလူးတက္ကသိုလ်မှ လက် တွေ့အသုံးချ ကျန်းမာရေးသိပ္ပံပညာ ပါမောက္ခ မာဂိုဟဲဘရတ်နဲ့အဖွဲ့က ပြုလုပ်ထားတာဖြစ်တယ်။ လေ့လာမှု ရလဒ်တွေကို World Lesiure ဂျာ နယ်မှာ ထည့်သွင်းဖော်ပြထားတယ်။ စစ်တမ်းအတွက် အချက်အလက်တွေ ကို ကနေဒါ စာရင်းအင်းဌာနမှ ယူ တယ်။ ပြည်သူတွေရဲ့ နေ့စဉ် ရုံးတက် ရုံးဆင်းလမ်းပေါ်မှာ အချိန်ကုန်မှု စာရင်းတွေနဲ့ဘ၀ကို ကျေနပ်ရောင့်ရဲ နှုန်းများစာရင်းတွေကို တိုက်ဆိုင်လေ့ လာခဲ့ရာ လမ်းပေါ်မှာအချိန်ကုန်ရ တာများသူတွေဟာ ဘ၀ကို ကျေနပ် ရောင့်ရဲနှုန်းလည်း နည်းပါးကြကြောင်း တွေ့ရှိရခြင်းဖြစ်တယ်။ မူရင်းစာရင်း တွေဟာ တစ်ခုစီ သီးခြားစီကောက်ယူ ထားတာဖြစ်တယ်။ ပါမောက္ခ ဟဲဘ ရတ်နဲ့အဖွဲ့က အဲဒီစာရင်းနှစ်ခုကို ယှဉ်ပြီး လေ့လာခဲ့တာကနေ အထက် ပါကောက်ချက်ကို ချနိုင်ခဲ့တာဖြစ် တယ်။

ကားစီးရင်း လမ်းပေါ်မှာအချိန် ကုန်ရတာများသူတွေဟာ စိတ်ပိုင်း ဆိုင်ရာချို့ယွင်းမှုတွေ ပိုကြုံရသလို၊ သွေးတိုး၊ အ၀လွန်၊ စွမ်းအင်ကျ၊ ဖျားနာစတဲ့ ကိုယ်ပိုင်းဆိုင်ရာ ရောဂါ တွေလည်းပိုကြုံရပြန်ကြောင်း စာရင်း တွေကို နှိုင်းယှဉ်လေ့လာထားချက် အရ သိရတယ်။ အခု စစ်တမ်းကြောင့် မြို့ပြနေသူတွေ လမ်းပေါ်မှာအချိန် ကုန်ပြီး ကိုယ်စိတ်စွမ်းဆောင်ရည် ကျဆင်းမှုကို ကာကွယ်ပေးနိုင်မယ့် မူဝါဒတွေ ချမှတ်ဖြစ်လာဖွယ်ရှိကြောင်း ပါမောက္ခ ဟဲဘရတ်က ပြောတယ်။

Ref ; Daily Mail
ညွန့်လွင်(စက်မှုတက္ကသိုလ်)
Health Updates Journal No. 149
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ