မျက်စိ ဝေဒနာရှင်များ ဆရာဝန် ညွှန်ကြားသည့် မျက်စဉ်း ဆေးများ ကိုသာ သုံးစွဲသင့်


ရန်ကုန် ဇန်နဝါရီ ၁၉

မျက်စိဝေဒနာ ခံစားနေရသော သူများသည် မျက်စဉ်းဆေးများကို အသုံးပြုသည့်အခါ အတိုင်းအဆမရှိဘဲ အသုံးပြုခြင်း၊ တတ်ကျွမ်းနားလည်သော မျက်စိဆရာဝန်များ၏ ညွှန်ကြားခြင်းမရှိသော ဆေးများကို ဝယ်ယူ အသုံးပြုမိပါက မျက်စိကွယ် နိုင်သည်အထိ ဖြစ်ပွားတတ်ကြောင်း သိရသည်။ အဆိုပါ မျက်စိနှင့် ပတ်သက်၍ ဝေဒနာခံစား နေကြရသူများသည် ပြင်ပ ဆေးဆိုင်များတွင် ရောင်းချသော Sterile Eye Drops မျက်စဉ်းဆေးကို မလိုအပ်ဘဲ ထည့်မိလျှင် မျက်ကြည်လွှာ အပေါ် ဆုံးရှိ အရေပြားလေးများ ပွန်းပဲ့ခြင်းများ ဖြစ်နိုင်ပြီး ၎င်းဆေးကို မလိုအပ်ဘဲထပ်၍ ထည့်မိပါက ရေတိမ် ဝင်လာနိုင်ပြီး မျက်စိ ကွယ်သည်အထိ ဖြစ်များနိုင်သည်ဟု မျက်စိဆရာဝန် တစ်ဦးက ပြောသည်။

မျက်စိသည် လူတိုင်းအတွက် အရေးကြီးဆုံး အရာဖြစ်သောကြောင့် မျက်စိနှင့် ပတ်သက်ပြီး မျက်စိနာခြင်း၊ မျက်သား ယားယံခြင်းများနှင့် ပတ်သက်သော ဝေဒနာများ ခံစားရလျှင် မျက်စိဆရာဝန်၏ ညွှန်ကြားချက် မပါဘဲ ပြင်ပဆေး ဆိုင် များမှ မျက်စဉ်းများဝယ်၍ မသုံးသင့်ကြောင်း၊ ပြင်ပဆေးဆိုင်များတွင် ရောင်းချသော မျက်စဉ်းဆေးများတွင် Antibiotics ပိုးသတ်ဆေး စတီးရွိုက်၊ Sterile Eye Drops နှင့် ယင်းဆေးနှစ်မျိုး ပေါင်းစပ်ထားသည့် ဆေးသာ ရှိသောကြောင့် ၎င်းမျက် စဉ်းဆေးများကို ဆရာဝန်ညွှန် ကြားချက်ဖြင့်သာ သောက်သုံးသင့်ပြီး မျက်စဉ်း ဆေးများကိုလည်း အလွန်အကျွံ အသုံး ပြု ခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု မျက်စိ ဆရာဝန်တစ်ဦးက ပြောသည်။

ထို့အပြင် မျက်စိဝေဒနာ ခံစားနေကြရသော သူများသည် မျက်စိဆရာဝန်များနှင့် တိုင်ပင်ပြသခြင်းများ အလွန်နည်းပြီး ဆေးဆိုင်များတွင် ရောင်းသော ဆေးများကိုသာ အသုံးပြုကြသောကြောင့် ဈေးကွက် တွင် ရောင်းသော ဆေးများ သည် လူနာများအကြိုက် မျက်စိအေးသော၊ မျက်စိနာ သက်သာသော ဆေးများကို အရောင်းများလျက်ရှိသည်။ မျက်စိသည် လူတိုင်းအတွက် အရေးကြီးသော အနုနယ်ဆုံး အင်္ဂါဖြစ်သောကြောင့် နားလည်တတ်ကျွမ်းသော မျက်စိ ဆရာဝန်များနှင့် သာ တိုင်ပင်၍ မျက်စိဆေးများကို အသုံးပြုသင့်ကြောင်း သိရသည်။

ဆုလာဘ်
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ