သက်ရှည်ကျန်းမာစေဖို့ရာ အဆိပ်သင့်အစာတွေရှောင်ကြဉ်ပါ


(၁) ပလတ်စတစ်နှင့် ဖော့ဘူး ပလတ်စတစ် (ကြွပ်ကြွပ်အိတ်)တွေ ထဲမှာပါတဲ့ ဆိုက်ဇာနဲ့ စတိုင်ရင်းဓာတ် များဟာ ဓာတုပစ္စည်းတွေဖြစ်တာ ကြောင့် အပူဓာတ်နဲ့ဖြစ်စေ၊ ဆီပါတဲ့ အစားအသောက်တွေနဲ့ဖြစ်စေ ထိတွေ့  မိတဲ့အခါ ၎င်းဓာတုပစ္စည်းတွေဟာ အစားအသောက်တွေထဲကို ဓာတ်ပြု ပျော်ဝင်သွားပါတော့တယ်။ ဒန်ပေါက် နဲ့ စားသောက်ဆိုင်တွေမှာ သုံးနေတဲ့ ဖော့ဘူးတွေကလည်း စတိုင်ရင်းဓာတ် ပါတဲ့ 2B ပလတ်စတစ်အုပ်စုဝင်တွေပဲ ဖြစ်ပါတယ်။ ထို့နည်းတူ ကလေးနို့ဘူး တွေပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ (ခေါ်)အင်မတန် အဆိပ်ပြင်းတဲ့ ဓာတ် တစ်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် ကင်ဆာရောဂါဖြစ်စေတဲ့ ပလတ်စတစ် နှင့် ဖော့ဘူးများကို ကျန်းမာရေးအသိ စိတ်ဖြင့် ရှောင်ရှားသင့်ပါတယ်။ ဒါ့ပြင် မယ်လမင်း (ဖိုက်ဘာ)ပစ္စည်းများဟာ အပူနဲ့ ထိတွေ့တဲ့အခါမှာ ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာ ရောဂါများကို ဖြစ်ပွားစေပါတယ်။

(၂) အချိုမှုန့်နှင့် ကြက်သားမှုန့် အချိုမှုန့်ထဲမှာပါရှိတဲ့ ဓာတုပစ္စည်းများ ဟာ ဦးနှောက်နဲ့ အာရုံကြောတွေကို ထိခိုက်စေတာကြောင့် လေဖြတ်၊ လေ ငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံး ရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေ သော ရောဂါများ၊ အရိုးပွ၊ အရိုးပါး၊ အရိုးကြွပ်ဆတ်ရောဂါ၊ ဆီးချို၊ သွေးချို နှင့် သွေးတိုးရောဂါများကို ဖြစ်ပွား စေနိုင်ပါတယ်။ ကြက်သားမှုန့်ထဲမှာ တော့ ၎င်းအချိုမှုန့်အပြင်၊ တာရှည်ခံ မှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများပါ ရောနှောပါဝင်နေတာကြောင့် ကြက် သားမှုန့်တွေက အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားနေပါတယ်။

(၃) အချဉ်ရည် အသုပ်၊ အကြော်၊ အကင်နဲ့ တုတ်ထိုး ဆိုင်တွေမှာ အသုံးပြုနေကြတဲ့ နီနီရဲရဲ အချဉ်တွေဟာ အဆိပ်ရည်ပဲဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် ၎င်းအချဉ် ရည်ထဲမှာ (က) အန္တရာယ်ရှိတားမြစ်ဆိုးဆေးနီနီရဲရဲများ (ခ) ကင်ဆာဖြစ် စေတဲ့ ဓာတုကြာရှည်ခံဆေး (ဂ) ကင်ဆာ ရောဂါဖြစ်စေတဲ့ ဆာလ်ဖျုရစ်အက်ဆစ် ပြင်းတို့ ပါရှိနေလို့ပါပဲ။ ဆာလ်ဖျုရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်အရသာကိုဖြစ်စေပြီး ဘက်ထရီ အိုးထဲမှာသုံးတဲ့ အက်ဆစ်အမျိုးအစား ပဲဖြစ်ပါတယ်။ ၎င်းဓာတ်ပါတဲ့ အချဉ် ရည်ကို ရေရှည်စားမိပါက အစာအိမ်အူ လမ်းကြောင်း၊ အူမကြီး၊ အသည်းတွေ ကို ၁ဝဝ ရာခိုင်နှုန်းပြည့် ကင်ဆာဖြစ် စေနိုင်ပါတယ်။

(၄) အချိုရည်နှင့် ဂျယ်လီ အချိုရည်ဘူးတွေထဲမှာ သကြားထက် အဆ ၂ဝဝ ပို၍ချိုသော ပါဝါသကြား၊ တားမြစ်ဆိုးဆေး၊ တာရှည်ခံဆေးတို့ အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကဖိန်းဓာတ်များ ပါဝင်နေတာကြောင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုနှင့် အဝလွန်ရောဂါ အသည်း ကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ထို့အတူ ဂျယ်လီဘူးတွေမှာလည်း တရုတ် နိုင်ငံမှလာတဲ့ ဂျယ်ရီပေါင် ဒါ၊ ဆီးထရစ်အက်ဆစ်၊ ဆိုဒီယမ်ဘန်ဇို ရိတ်(ခေါ်)တာရှည်ခံဆေးများ ပါဝင်နေ လို့ ကင်ဆာဖြစ်စေနိုင်ပါတယ်။

(၅) ကော်ဖီမစ် ရယ်ဒီမိတ် ကော်ဖီထုပ်များထဲမှာ ကဖိန်း၊ တာရှည်ခံဓာတုဆေး၊ ကော်ဖီအနံ့တု ဆေး၊ အုန်းသီးခွံအမှုန့်များ နှင့် သကြား ဖြူဆွတ်ဆွတ်(ခေါ်) ချွတ်ဆေးသကြား စသည့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကုန် ကြမ်းပစ္စည်းတွေ ပါရှိနေပါတယ်။ ၎င်း ကိုသောက်ခြင်းဖြင့် ဆီးချိုရောဂါ၊ စိတ် ကျရောဂါ၊ ရင်သား၊ ဆီးအိမ်၊ ဆီးကျိတ်၊ ပန်ကရိယ စတဲ့အစိပ်အပိုင်း ကင်ဆာ ရောဂါတို့အပြင် အမျိုးသမီးများ ပဋိ သန္ဓေမတည်နိုင်ခြင်းကို ဖြစ်စေနိုင်ပါ တယ်။ ဒါ့ပြင် ကော်ဖီမစ်တွေမှာ သုံးတဲ့ Creamer (ခေါ်) နို့မှုန့်အတုက စား အုန်းဆီကို အဆီထုတ်ပြီး ကျန်ရှိတဲ့ ကျိတ်ဖတ်ကို အမှုန့်ပြုထုတ်လုပ်ထား ခြင်းဖြစ်ပြီး၊ ထိုကျိတ်ဖတ်က သွေးတိုး၊ နှလုံးသွေးကြောပိတ်၊ လေငန်းနှင့် ကင် ဆာရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

(၆) ရောင်စုံဆိုးဆေးနှင့် အစားအစာ မျှစ်နီ၊ မျှစ်ဝါ၊ အနီရောင်ပုစွန်ချဉ်၊ အဝါ ရောင်းဆေးဆိုးထားသော ငါးပုဏ္ဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သား၊ အရောင် ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန် ခြောက်၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက် မန်းသီး၊ လက်ဖက်၊ ဆီးထုပ်နှင့် အချဉ် ထုပ်အမျိုးမျိုး၊ အနက်ရောင်ဆိုးထား သောပြောင်းဖူး၊ လူသေကောင်မပုပ် အောင်ပြုလုပ်သည့် ဖော်မလင်အသုံး ပြုထားသော ပဲပြား၊ မဲနယ်ဆိုးထား သော ပုစွန်စသည်တို့မှာ တားမြစ် အန္တရာယ်ရှိဆိုးဆေးများ အသုံးပြုထား ကြောင်း၊ ၎င်းရောင်စုံဆိုးဆေးများဟာ အသည်းရောဂါ နှင့် ကင်ဆာရောဂါများ ကို ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သတိပေးနှိုးဆော်ထားပါတယ်။

(၇) အသားလုံးနှင့် ကြက်၊ ဝက်အူချောင်း အသားလုံး(အသားကျိတ်)များနှင့် ကြက်၊ ဝက်အူချောင်းတွေမှာ သုံးထား တဲ့ တာရှည်ခံဆေးများနှင့် အရောင် တင်ဆေးများကလည်း ကင်ဆာရောဂါ ဖြစ်စေနိုင်သလို ၎င်းတို့ကို ရေခဲ သေတ္တော(အအေးခန်း)ထဲမှာ သိုလှောင် ထားရတာကြောင့် အောက်စီဂျင်ဓာတ် တိုးမှုဖြစ်သွားပြီး ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ¤င်းပစ္စည်း များကို မသန့်ရှင်းတဲ့ ပြန်ကြော်ဆီများ ဖြင့် ကြော်ခြင်း (သို့မဟုတ်)မီးကင်ခြင်း ဖြင့် ကင်ဆာဖြစ်စေပြန်တာကြောင့်ဆာသုံးထပ်ကွမ်း အဆိပ်သင့်အစာ များ ဖြစ်နေပါတယ်။

(၈) ရေချိုငါးပိ၊ ငါးခြောက်၊ ငံပြာရည် အချို့သော ရေချိုငါးပိတွေမှာ ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာထည့်သွင်းထား ကြောင်း၊ ယူရီးယား ၃ ဂရမ်နှင့်အထက် စားမိပါက အော့အန်၊ သတိမေ့မြော၊ ကျောက်ကပ်ပျက်စီး၍ အသက်ဆုံးရှုံး သည်အထိ ဖြစ်နိုင်ကြောင်း၊ ရေချိုငါးပိ မှာ ယင်မနား၊ လောက်မတက်စေရန် ၉ဝ ရာခိုင်နှုန်း ယင်ဆေးခဲ(ခေါ်)ပိုး သတ်ဆေးများ အသုံးပြုထားကြောင်း၊ နိုင်ငံခြားမှ တင်သွင်းလာသော ငံပြာ ရည်အချို့ မှာလည်း ဂလူတမစ်အက် ဆစ်များစွာ ပါဝင်နေကြောင်း၊၎င်းဆေး တွေသုံးထားသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့ကို စားသောက်မိပါက ကင်ဆာရောဂါ၊ လေငန်း၊ အာရုံကြော ထိခိုက်ပျက်စီးခြင်းနှင့် ကိုယ်တစ်ခြမ်း သေခြင်းများ ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းက သတိပေးနှိုးဆော်ထားပါ တယ်။

(၉) ဖန်တီးပြုပြင်ထားသော အသီးအနှံများ ဓာတုဟော်မုန်းဆေးတွေ အသုံးပြုထား တာကြောင့်အဆမတန် ကြီးထွားနေ သော မုံလာဥအဖြူများ၊ အမြစ်တိုတို အလုံး တုတ်တုတ် ပဲပင်ပေါက်များ၊ ပိုးသတ်ဆေး အပြင်းစား သုံးထား သော ဂေါ်ဖီထုပ်၊ ကိုက်လံ၊ မုန်ညင်း ရွက်၊ ပန်းမုန်လာထုပ်၊ မုံညင်းထုပ်များ၊ ဆေးစိမ်ဆေးဖျန်း၍ မှည့်လာသော သရက်၊ သင်္ဘော၊ လိမ္မော်၊ ပန်းသီး၊ ငှက်ပျောစသဖြင့် သဘာဝလွန် အသီး အနှံတွေက ကင်ဆာဖြစ်စေနိုင်တာ ကြောင့် သဘာဝ Organic အမျိုးအစား ကိုသာ ရွေးချယ်ရန်နှင့် ရေစင်စင်ဆေး ပြီးမှသာ စားသောက်ကြစေလိုပါတယ်။

(၁ဝ) ပြန်ကြော်ဆီများ အိမ်နီးချင်းနိုင်ငံအချို့မှ တင်သွင်းလာ သည့် ရေမြောင်းဆီ(ခေါ်) ပြန်ကြော်ဆီများကို ပြည်တွင်းမှာ ဓာတုဆေးများသုံး၍ အရောင်ချွတ် ပဲဆီအနံ့ ထည့်သွင်းကာ ဆီ ဈေးကွက်မှာ ပဲဆီသန့်ဟူ၍ တံဆိပ်ကပ်ကာ ရောင်းချနေကြ ကြောင်း၊ ငါးမုန့်ကြော်၊ အာလူးကြော် လုပ်ငန်း အချို့မှာလည်း ပြန်ကြော်ဆီများ ထွက်ရှိသလို ထပ်တလဲလဲပြန်လည်၍ အသုံးပြု နေကြကြောင်း၊ လမ်းဘေး လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်ကြီး များကို ကွင်းဆင်းစစ်ဆေးကြည့်ရာတွင် ၁ဝ ဆိုင်ကို စစ်ဆေးရာ မှာ ၁ဝ ဆိုင်စလုံး အင်ဂျင်ဝိုင်အဟောင်းကဲ့သို့ ညိုမည်းနေတဲ့ ပြန် ကြော်ဆီများဖြင့် စမူဆာ၊ အီကြာကွေးများကို ကြော်နေကြောင်း၊ ¤င်းပြန်ကြော်ဆီများက ပန်ကရိယ၊ အသံအိုး၊ အစာအိမ်လမ်း ကြောင်းနှင့် အူမကြီးတို့ကို ကင်ဆာဖြစ်စေနိုင်ကြောင်း စားသုံး သူ ကာကွယ်ရေးအသင်းမှ သတိပေးနှိုးဆော်ထားပါတယ်။

(၁၁) အရက် အချို့သော အရက်တွေမှာ ဓာတ်မြေသြဇာ၊ အင်ဒရင်း၊ ရော်ဘာ၊ မက်သနော စတဲ့ အဆိပ်သင့်ဓာတုပစ္စည်း တွေပါရှိနေတဲ့အပြင်၊ မူလသဘာဝ အရက်၏ ဂုဏ်သတ္တိက အသည်းခြောက်၊ ရေဖျင်း ရောဂါများ၊ အသည်းကင်ဆာနှင့် အစာအိမ်လမ်းကြောင်းကင်ဆာ တို့ကိုဖြစ်စေနိုင်တဲ့ အဆိပ်ရည်များသာဖြစ်ပါတယ်။ ဘီယာများ တွင်လည်း အယ်လ်ကိုဟော ပါဝင်နေတာကြောင့် အရက်ကဲ့သို့ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေပါတယ်။

(၁၂) ဆေးလိပ် ဆေးလိပ်နှင့် ဆေးရွက်ကြီးများကို ရှူရှိုက် သောက်သုံးခြင်းက အလည်ချောင်း၊ အဆုတ်စတဲ့ အစိတ်အပိုင်းတွေမှာ ကင်ဆာ ဖြစ် စေနိုင်ပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်၊ ပန်း နာရင်ကြပ်စတဲ့ရောဂါများကိုလည်းဖြစ်စေနိုင်ပါတယ်။ မိမိ ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း၊ စီးကရက်မီးခိုးငွေ့ကို တစ်ဆင့် ခံ ရှူရှိုက်မိခြင်းတို့ကြောင့် ကမ္ဘာနှင့်အဝှမ်း အဆုတ်ကင်ဆာရောဂါ ဖြစ်နေကြရပြီး လေ့လာစမ်းစစ်မှုများအရ အရှေ့တောင်အာရှမှာ နှစ်စဉ်လူဦးရေ ၁ဝ သိန်းကျော် အဆုတ်ကင်ဆာကြောင့် ဖိတ်စင် လျက်ရှိနေကြပါတယ်။

(၁၃) ကွမ်းယာ ကွမ်းရွက်ကိုဖြန်းသော ပိုးသတ်ဆေးက ကင်ဆာဖြစ်စေသလို၊ ထုံးက ကျောက်ကပ်နှင့် ဆီးအိမ်တို့မှာ ကျောက်တည်ခြင်းနဲ့ ပါး စောင်ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ကွမ်းသီးကို မှိုမတက် အောင် အသုံးပြုလေ့ရှိတဲ့ မှိုသတ်ဆေးက ကင်ဆာဖြစ်စေသလို ဆေးရွက်ကြီး၏ နီကိုတင်းဓာတ်ကလည်း ကင်ဆာဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ကွမ်းစားခြင်းဟာ လေးထပ်ကွမ်းကင်ဆာ အဖြစ် တွန်းအားပေးရာရောက်ပြီး အာခံတွင်း၊ ပါးစောင်၊ လျှာ၊ သွားဖုံး၊ အစာရေမျိုပြွန်၊ လည်ချောင်းစတဲ့အစိပ်အပိုင်းများကို ကင်ဆာဖြစ် ပွားစေပါတယ်။

ပေါက်ပေါက်
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ