ကျန်းမာ စိုပြည်သည့် အသားအရေ ဖြစ်စေမည့် ထိပ်တန်း လျှို့ဝှက်ချက်များ


ယခုလိုဆောင်းရာသီ ကာလမှာ အသားအရေဟာ ခြောက်သွေ့ နေတတ်ပါတယ်။ အဲဒီလို ခြောက်သွေ့တဲ့ အသားအရေကို ကြည်လင် ဝင်းပစိုပြည်စေဖို့ လုပ်ဆောင်ရမယ့် ထိပ်တန်း

လျှို့ဝှက်ချက်တွေကို စာဖတ် ပရိသတ်များ သိရှိနိုင်ရန် ဖော်ပြ ပေးလိုက်ပါတယ်။

နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကို ရှောင်ပါ

အသားအရေအတွက် အရေးအကြီးဆုံး သတိပြုရမှာက မိမိအသားအရေကို နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ဖို့ပါ။ နေရောင်ခြည်ကြောင့် အရေပြား တွန့်ခြင်း၊ အနက်ရောင် အစက်အပြောက်များနဲ့ အခြားအရေပြားဆိုင်ရာ ဆိုးကျိုးအချို့ကို ရရှိစေပါတယ်။ နေရောင်ခြည် ဆိုးကျိုးတွေထဲမှာ အဆိုးဆုံးကတော့ အရေပြား ကင်ဆာပါပဲ။ ဒါကြောင့် နေရောင် ထဲ မဖြစ်မနေ သွားလာရမယ်ဆိုရင် Sunscreen (နေရောင်ခြည်လိမ်း ဆေးခရင်မ်) တစ်ခုခုကို လိမ်းသွားရမှာပါ။ ဒီ Sunscreen က SPF (15) အနည်းဆုံး ရှိသင့်ပါတယ်။ အပြင်ထွက်တာ ကြာတဲ့သူဆိုရင်တော့ နှစ်နာရီခြား တစ်ခါလောက် Sunscreen လိမ်းပေးရမှာပါ။ ဒုတိယ တစ်ချက်ကတော့ အရိပ်ရတဲ့ နေရာမှာ နေသင့်ပါတယ်။ နံနက် ၁ဝ နာရီကနေ ညနေ ၄ နာရီကြား နေအပူရှိန် အများဆုံး အချိန်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ အသားအရေကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း ကနေ ကာကွယ်မယ့် အင်္ကျီလက်ရှည် နဲ့ ဘောင်းဘီရှည်တွေကို ဝတ်ဆင်ပြီးမှ အပြင်ထွက်ဖို့ပါ။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းဟာ ပိုမိုအိုမင်း ရင့်ရော်စေသလို အရေးအကြောင်း တွေကိုလည်း ဖြစ်ပေါ် စေပါတယ်။ ဆေးလိပ် သောက်ခြင်းကြောင့် အသားအရေ အပြင်လွှာက သေးငယ် တဲ့ သွေးကြောလေးတွေကို ကျဉ်းမြောင်းသွားစေပြီး သွေးလည်ပတ်မှုကို ကျဆင်းစေပါတယ်။ ဆေးလိပ်က အရေပြားအတွက် ပံ့ပိုးပေးတဲ့ အောက်ဆီဂျင်နဲ့ သဘာဝ အရင်းအမြစ်တွေ ကို ဖြတ်တောက် ပစ်လိုက်ပါတယ်။ ဒါကြောင့် အရေပြားကို ကျန်းမာစေတဲ့ ကိုလိုဂျင်တို့၊ အီလက်စတင် တို့ပါပျက်စီးပြီး အရေပြား ပျက်စီးစေပါတယ်။ အထူး သဖြင့် ဆေးလိပ်သောက် နေ စဉ်မှာ နှုတ်ခမ်းဖိပြီး ရှိုက်ငင်ကာ မျက်လုံးပိတ်လိုက်တဲ့ မျက်နှာ အနေအထားမှာ အရေး အကြောင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အရေပြားကို ဂရုစိုက်ပါ

မိမိအရေပြားကို ညင်သာစွာ ဂရုစိုက် ပြုစုသင့်ပါတယ်။ ရေပူနဲ့ကြာရှည် ရေချိုးခြင်းက အသားအရေရဲ့ အဆီတွေကို ဖယ်ရှား စေနိုင်တာကြောင့် ရေပူနဲ့ရေချိုးခြင်းကို အချိန် အကန့်အသတ် ထားပြီး ပြုလုပ်ပေးပါ။ ရေပူမဟုတ်တဲ့ သာမန်နွေးတဲ့ရေနဲ့ ချိုးခြင်းက အဆိပ်အတောက် ပိုမိုကင်းစေတာ အမှန်ပါပဲ။ နောက်တစ်ချက် ဆင်ခြင်ရမှာက မိမိ အသားအရေနဲ့ လိုက်ဖက်တဲ့ ဆပ်ပြာကို သုံးစွဲပေးဖို့ပါ။ ဆပ်ပြာတွေထက်စာရင် နို့ရည် နဲ့ရေချိုးခြင်း (Milk Bath) က အရေပြားကို လန်းဆန်းစေပါတယ်။ ရေချိုးပြီးတိုင်း အရေပြားပေါ်မှာ တင်နေတဲ့ ရေတွေကို ပဝါ နဲ့ ညင်ညင်သာသာ သုတ်ပေးဖို့ပါ။ ဒါမှသာ အရေပြားပေါ်က အစိုဓာတ်ကို ခံစားမိမှာ ဖြစ်ပါတယ်။ SPF ပါဝင်တဲ့ Moisturizer တစ်ခုခု စွဲလိမ်းခြင်းအားဖြင့် စမ်းသပ်ကြည့် နိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့ ကျန်းမာရေး Diet လုပ်ရင်လည်း အသားအရေကို ထိန်းသိမ်းနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ