သွေးတိုးရောဂါသမားများ စားသင့်သော အစားအစာများ


သွေးတိုးရောဂါရှိသူများ အောက်ပါ အစားအသောက်များကို စားသုံးပေးပါက သွေးတိုးရောဂါ သက်သာပျောက်ကင်းစေပါတယ်။

(၁) အားလူးမီးဖုတ်

အားလူးကို မီးဖုတ်ပြီး စားပေးလျှင် အားလူးထဲမှ မဂ္ဂနီစီယမ်ဓါတ်နဲ့ ပိုတက်စီယမ်ဓါတ်တို့ဟာ ခန္ဓာကိုယ်ကို သွေးတိုးခြင်းဖြစ်စေတဲ့ အပိုဆိုဒီယမ်ဓါတ်များကို လှောင်ကျွမ်းသွားစေတယ်လို့ လေ့လာမှုများအရ ဖော်ပြထားပါတယ်။

(၂) အဆီမပါတဲ့ နွားနို့

အဆီထုတ်ထားတဲ့ နွားနို့မှာ ကာလ်စီယမ်ဓါတ်နဲ့ ဗီတာမင်ဒီ အာဟာရဓါတ်နှစ်မျိုး ပါရှိနေတာကြောင့် သွေးတိုးခြင်းကို ၅ ရာခိုင်းမှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

(၃) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်ထားတဲ့ ပိုတက်စီယမ်အာဟာရဓါတ်ကြောင့် တစ်နေ့တစ်လုံး စားပေးပါက သွေးတိုးကို လျှော့ချပေးနိုင်ပါတယ်။

(၄) မုန်လာဥနီ ဖျော်ရည်

မုန်လာဥနီဖျော်ရည်မှာ ပါဝင်တဲ့ နိုက်ထရိတ်ဓါတ်ဟာ သွေးတိုးနှုန်းကို ၁၀ ရာခိုင်နှုံးအထိ လျှော့ပေးနိုင်တာကြောင့် သွေးတိုးရှိသူများ တစ်နေ့တစ်ခွက် သောက်သုံးသင့်ပါတယ်။

(၅) နှမ်းဆီ

နှမ်းဆီမှာ ပါဝင်တဲ့ အင်ဒီအောက်ဆီးဒဲန့်ဓါတ်ဟာ သွေးကြောများ၏ လှုပ်ရှားမှုကို ပိုမိုသန်မာစေသည့်အတွက် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်တာကြောင့် နှမ်းဆီကိုလည်း မကြာခဏ စားသုံးသင့်ပါတယ်။

(၆) ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥ၊ ငုံးဥစတဲ့ ဥအမျိုးမျိုးတို့၏ အကာကို စားသုံးပေးပါက ပရိုတင်းဓါတ်နှင့် ပီတာမင်ဒီပြည့်ဝစေပြီး သွေးတိုးခြင်းကို ကာကွယ်ပေးစေပါတယ်။

(၇) ပန်းဂေါ်ဖီအမျိုးမျိုး

ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီထုပ်စသည်တို့မှာ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်ဓါတ်များ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးဖိအားနှုန်းကို ထိန်းချုပ်ပေးနိုင်သည့်အပြင် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၈) အမည်းရောင် ချောကလက်

အမည်းရောင်ချောကလက်မှာ ပါဝင်ထားတဲ့ ဖလေဗိုနွိုက် အင်ဒီအောက်ဆီးဒဲန့်ဓါတ်တစ်မျိုးဟာ သွေးကြောစီးဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးကိုလည်း ကျန်းမာစေသည့်အတွက် မကြာခဏ စားသုံးသင့်ကြောင်း နှလုံးနှင့်သွေးတိုးအထူးကု ဆရာဝန်တစ်ဦးမှ အကြံပြုထားပါတယ်။

အထူးရှောင်ကြဉ်ရမည့် အစားအစာကတော့ ဆားဖြစ်ပါတယ်။

ဆားနှင့် အငံကို အလွန်အကျွံ မစားမိစေပဲ ပုံမှန်စားသုံးနေတာထက်ကို ပိုပြီးလျှော့စားသင့်ပါတယ်။

အစာလည်းဆေး ဆေးလည်းအစာဆိုသလို အစာစားရင်း ဆေးအဖြစ် အသုံးပြုနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Good Health, Foods For Hyperthesis

ကျန်းမာရေးသတင်းများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ