စားသောက်ဆိုင် များတွင် စက်ရုပ် စားပွဲထိုးများကို ၂ဝ၁၅ တွင် အစားထိုး အသုံးပြု သွားမည်


စင်ကာပူ နိုင်ငံရှိ စားသောက်ဆိုင်များ၌ လူသား စားပွဲထိုးများ၏ နေရာတွင် စက်ရုပ် စားပွဲထိုးများကို အစားထိုး အသုံးပြုသွားမည် ဖြစ်ပြီး ၎င်း အစီအစဉ်ကို လာမည့်နှစ်ကုန်တွင် စတင် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။

Infinium-Serve ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ထားသော စက်ရုပ်စားပွဲထိုး များကို စင်ကာပူနိုင်ငံရှိ Timbre Group ကုမ္ပဏီပိုင် စားသောက်ဆိုင် ငါးဆိုင် အနက် တစ်ဆိုင်တွင် ပထမဆုံး စတင် အသုံးပြုသွားမည် ဖြစ်ကြောင်း Infinium-Serve ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဝန်းဇွန်ယမ်းက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ စက်ရုပ် စားပွဲထိုးများ အသုံးပြုခြင်းသည် နိုင်ငံ၏ အလုပ်သမား စရိတ်ကို သက်သာစေရန် အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စတာဝန်းက ပြောကြားခဲ့သည်။

ထို့ပြင် စားသောက်ဆိုင်များ၏ ရောင်းအားကိုလည်း တိုးမြှင့်ပေးရာ ရောက်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ထို့ကြောင့် Infinium-Serve ကုမ္ပဏီနှင့် Timbre Group ကုမ္ပဏီ တို့သည် စက်ရုပ် ရောင်းဝယ်ရေး သဘောတူစာချုပ် မူကြမ်း နားလည်မှု စာချွန်လွှာကို အောက်တိုဘာ ၃၁ ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ Infinium-Serve ကုမ္ပဏီထုတ် နမူနာ စက်ရုပ် စားပွဲထိုးများကို အောက်တိုဘာလ အစောပိုင်းတွင် ကျင်းပခဲ့သည့် National Productivity Month ဖွင့်ပွဲ အခမ်းအနားတွင် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကို ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ