မြေသယ်ယာဉ် ဘရိတ်ပေါက် ဓာတ်တိုင်ကိုဝင်တိုက်


မြစ်ငယ် ဒီဇင်ဘာ ၁၇

ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီကမန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်တံတားထိပ် ၁၂ မိုင် သံလမ်းကူးဂိတ်၌ မြေသယ်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ဓာတ်တိုင်တစ်တိုင်ကို ဝင်ရောက်တိုက်မိခဲ့ရာ ဓာတ်တိုင် သုံးပိုင်းပြတ်ကျိုးကျသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာမြစ်ငယ်တံတားမှ မောင်းနှင်လာပြီး စစ်ကိုင်း-မြစ်ငယ် ဖြတ်လမ်းအဝင် ရန်ကုန်-မန္တလေး ရထားသံလမ်းဂိတ် ၁၂ မိုင်၌ ယာဉ် မောင်း စောဒိုနေထူး လွိုင်ကော်မြို့ မောင်းနှင်လာသော မြေသယ်ယာဉ် ၁ဝ ဘီးကားသည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုတွင် ထိခိုက် သေဆုံးမှုမရှိကြောင်းနှင့် ရပ်ထားသော မော်တော်ဆိုင်ကယ်အချို့သာ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

မောင်မောင်စိုး(မြစ်ငယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ