U2 အဖွဲ့ဝင်ဘိုနို စက်ဘီး မတော်တဆမှုဖြစ်ပွား ငါးနာရီကြာခွဲစိတ်ကုသမှုခံယူခဲ့ရ


နာမည်ကြီး ဂီတအဖွဲ့တစ်ခု ဖြစ်သော U2 အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဘိုနိုသည် စက်ဘီး မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ခြင်း ကြောင့် ငါးနာရီကြာမြင့်ခဲ့သည့် ခွဲစိတ်ကုသမှုခံယူခဲ့ရသည်ဟု သိရ သည်။ ဘိုနိုသည်ပန်းခြံတစ်ခုအတွင်း ၌ စက်ဘီးစီးလာစဉ် မတော်တဆ မှုကြုံတွေ့ခဲ့ရခြင်းဖြစ်ကာ ၄င်း၏ ဝဲဘက်ပခုံးနှင့် ဦးခေါင်းတို့တွင် ပြင်းထန်သည့် ဒဏ်ရာများရရှိ ခဲ့ခြင်းကြောင့် ခွဲစိတ်ကုသမှုခံယူ ခဲ့ရခြင်းဖြစ်သည်။

ဆရာဝန်များ၏ အတည်ပြုချက်အရ ဘိုနို၏ဝဲဘက် လက်မှာ အရိုးခြောက် ပိုင်းခန့်ကျိုး သွားခဲ့ပြီး ဦးခေါင်းခွံကို ထိခိုက် မှုဖြစ်ပေါ်စေခဲ့သည့် ဒဏ်ရာလည်း ရရှိခဲ့သည်ဟု သိရသည်။ ၏ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ ခြင်းကြောင့် ဘိုနို၏အခြေအနေမှာ စိုးရိမ်ဖွယ်အနေအထားမျိုးမရှိတော့သော်လည်း လအနည်းငယ်ကြာ အနားယူရဖွယ်ရှိသည်ဟု ဆို သည်။

U2 အဖွဲ့၏ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ''မမျှော်လင့်ဘဲ ဖြစ် ပွားခဲ့တဲ့မတော်တဆမှုဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့တဲ့အခြေအနေက တော်တော်ဆိုးသွားခဲ့ပါတယ်။ ဒါ ပေမယ့် ဆေးရုံမှာအချိန်မီကုသမှု လုပ်နိုင်ခဲ့တာကြောင့် ဘိုနိုရဲ့အခြေ အနေက စိုးရိမ်စရာမရှိတော့ပါ ဘူး။ ဒါပေမယ့် ပုံမှန်အနေအထား မျိုးရောက်ဖို့အတွက် အချိန်ယူရဦး မှာပါ။ ဖျော်ဖြေရေးပွဲတွေနဲ့ပတ် သက်တဲ့ စာချုပ်တွေကို ပြန်လည် သုံးသပ်ရဖို့များပါတယ်''ဟု ပြော သည်။

ဘိုနို၏ဒဏ်ရာကို ခွဲစိတ်ကုသရာတွင်ပါဝင်ခဲ့သော အရိုးအထူးကုဆရာဝန်ဒင်းလိုရစ်ကလည်းဝဲဘက် လက်တွင် ကျိုးသွားခဲ့သော ဘိုနို၏ အရိုးအခြေအနေမှာ ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့ကြောင်း၊အရိုးပြန် ဆက်ရန်အတွက် သတ္တုပြားသုံးခု၊ဝက်အူ ၁၈ ခုဖြင့် ထိန်းချုပ်ပေးထားရကြောင်း၊အချိန်ခြောက်လခန့်ကြာမှပျောက်ကင်းဖွယ်ရှိ ကြောင်း ပြောသည်။ ဘိုနို၏ ပရိသတ်များသည် ၄င်းကျန်းမာရေးပြန်လည်ကောင်းမွန် လာရန်အတွက် မတော်တဆမှုဖြစ် ပွားခဲ့သောနေရာတွင် ဆုတောင်းမှု များပြုလုပ်လျက်ရှိသည်။

ပြည့်ဖြိုးနိုင်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ