အိမ်ထောင်မပြုသော မိန်းကလေးဦးရေတိုးလာခြင်းကြောင့် လူဦးရေဟန်ချက်ပျက်နိုင်


ဆောင်းပါး၊ နို (၈)

တစ်ကမ္ဘာလုံးမှာ ယဉ်ကျေးမှုတွေ တူညီ နီးစပ်လာတာနဲ့ အမျှ ‘မိန်းကလေး’ တွေ သူတို့ ကိုသူတို့ ခံစားသိမြင်ပုံတွေလဲ မတူကွဲပြား လာပါတယ်။ ဒီဖက်ခေတ်ကြီးမှာ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပညာအဆင့်အတန်း မြင့်မားလာကြပါတယ်။ လုပ်ငန်းခွင်မှာလည်း လစာကောင်းကောင်းနဲ့ အလုပ်ရလာကြပြီး မြို့ ကြီးပြကြီးတွေကို စွန့် စွန့် စားစား သွားရောက်ပြီး အလုပ်လုပ်ကြသူ ဦးရေမှာလည်း မိန်းကလေးအရေအတွက်က ပိုနေပါတယ်။

သူတို့ လည်း ချစ်သူထားကြပါတယ်။ ဒါပေမယ့် သူတို့ ရဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူးဆိုရင် လမ်းခွဲလိုက်ကြ ပါတယ်။ အချစ်အတွက်၊ ယောက်ျားလေးတွေအတွက် ဘ၀ကိုအနစ်နာခံရလောက်အောင် သူတို့ မညံ့ဖျင်းကြ တော့ပါဘူး။ ဒီလိုနဲ့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လာတဲ့မိန်းကလေးတွေဟာ အိမ်ထောင်ပြုဖို့  သိပ်စိတ်မ၀င်စားကြတော့တာကို တွေ့ ရပါတယ်။ ၂၀၁၂ ခုနှစ် ကိန်းဂဏန်းများအရ အမေရိကန်ပြည်ထောင်စုမှာ အသက်(၁၈-၂၉)အကြား မိန်းကလေးတွေ အိမ်ထောင်ပြုမှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။

အရွယ်ရောက်
ပေမယ့် အိမ်ထောင်မပြုဘဲနေဖို့  ရွေးချယ်ခဲ့ကြသူတွေကို မေးမြန်းကြည့်တဲ့အခါမှာ အကြောင်းရင်း(၁၀)မျိုး ရရှိ ပါတယ်။

အမှီအခိုကင်းတဲ့ဘ၀ကိုနှစ်သက်ကြပါတယ်။ အိမ်ထောင်မပြုတဲ့ယောက်ျားလေးတွေလိုပဲ အလုပ်သွာားကြတယ်၊ သူငယ်ချင်း၊မိသားစုတွေကို အချိန်ပေးကြတယ်၊ ၀ါသနာပါရာလေးတွေလုပ်ကြတယ်၊ အိမ်မှုကိစ္စတွေကို ကိုယ်တိုင်ပဲ လ်ုကြတယ်။ တစ်ယောက်တည်းနေရတဲ့ဘ၀မှာ ကျေနပ်ကြပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အိမ်ထောင်ပြုဖို့  ပေးတဲ့ဖိအားကိုလည်း ကြံ့ကြံ့ခံကျော်လွှားကြပါတယ်။

ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မြတ်နိုးကြပါတယ်။ ထက်မြက်တဲ့မိန်းကလေးတွေဟာ ရုပ်ပိုင်း၊စိတ်ပိုင်း၊ခံစားမှုပိုင်း တို့  အတွက် ယောက်ျားလေးအဖော်လိုအပ်ပေမယ့် သူတို့ ရဲ့ စိတ်ကူး၊ဆုံးဖြတ်ချက်၊ရည်ရွယ်ချက်၊လုပ်ဆောင်ချက် တွေကို တစ်မျိုးတစ်ဖုံကန့် သတ်ချုပ်ချယ်မယ့်ယောက်ျားလေးကို မနှစ်သက်ကြပါဘူး။ အိမ်ထောင်ပြုလိုက်ရင် ဒါတွေက ချက်ခြင်းဖြစ်လာမှာမို့  တစ်ယောက်တည်းပဲနေဖို့  ရွေးချယ်ကြတာဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာစိတ်ကျေနပ်မှုရကြလို့ ပါ။ ဘ၀ရည်မှန်းချက်လှေကားထစ်တွေကို တစ်ထစ်ပြီးတစ်ထစ်တက်နေတဲ့ မိန်းကလေးဟာ ထိပ်ကိုရောက်အောင်သွားချင်ပါတယ်။ အိမ်ထောင်ပြုလိုက်ရင် ရည်မှန်းချက်ပန်းတိုင်ကိုတက်လှမ်း နေတဲ့ ခြေထောက်တစ်စုံကိုချုပ်ကိုင်လိုက်သလို ဖြစ်သွားမှာမို့  ဘယ်သူ့ ကိုမှမစောင့်ဘဲ တစ်ယောက်တည်း ခပ် သွက်သွက် ရှေ့ ဆက်လျှောက်လှမ်းချင်ကြပါတယ်။

အယူအဆလေးတွေမတူကြပါဘူး။ အချို့ ကအပျိုဖော်ဝင်စကတည်းက အချစ်ကိုစိတ်ဝင်စားပြီး ယောက်ျားလေး တစ်ယောက်ရဲ့ လက်မှာဘ၀တစ်ခုလုံးကို ပုံအပ်ပစ်လိုက်လေ့ရှိပါတယ်။ ဘ၀ကိုတစ်ယောက်တည်း ရင်ဆိုင်ဖို့  အဆင်သင့်မဖြစ်သူတွေ ဒီလိုလုပ်ကြတာများပါတယ်။ အချစ်၊ လိင်ပိုင်းဆိုင်ရာနဲ့  အိမ်ထောင်ရေးကို ခွဲခြားသိမြင်တဲ့ မိန်းကလေးတွေကတော့ ဘ၀မှာဖြစ်ချင်တာတွေအားလုံးဖြစ်ပြီးပြီ၊ စိတ်ကျေနပ်ပြီဆိုမှ အိမ်ထောင်ပြုသင့်ရင် ပြုမယ် လို့  ယူဆကြသူတွေပါ။

အချိန်အခါကောင်းကိုစောင့်ကြပါတယ်။ သွေးဆူလွယ်တဲ့အရွယ်မှာအိမ်ထောင်ပြုခဲ့ကြသူတွေဟာ စလယ်ဝင်အိုး ဖင်မမည်းခင်မှာပဲ ကွဲကြ၊ကွာကြတာကို တွေ့ ခဲ့တဲ့မိန်းကလေးတွေဟာ ဘ၀မှာအချစ်စစ်ကိုရရင်ရ၊ မရရင် အိမ်ထောင်ဖက်အစစ်ကို ရတဲ့အထိ စောင့်ကြပါတယ်။ Life begins at forty ဆိုသလိုပဲ လူလတ်ပိုင်းအရွယ်ကို ရောက်လာတဲ့အခါ ကိုယ်ကိုယ်တိုင်ကိုရော၊ သူများတွေကိုပါ ပိုပြီးနားလည်သဘောပေါက်လာကြတဲ့အတွက် အဲဒီ အရွယ်မှာ အိမ်ထောင်ဖက်အစစ်ကို ရွေးချယ်နိုင်ကြပါတယ်။

ဘ၀ကိုလွတ်လပ်စွာထုဆစ်ပုံသွင်းနိုင်လာကြတယ်။ သင်တန်းတွေတက်၊ အလုပ်တွေဝင်၊ ပရဟိတလုပ်ငန်းတွေလုပ်၊ ဟိုကွန်ရက်ဒီကွန်ရက်နဲ့ ချိတ်ဆက်ပြီး တစ်နေ့ တစ်နေ့  အလုပ်ရှုပ်နေကြလေတော့ ယောက်ျားလေးတွေကိုလည်း လူတွေလို့ ပဲမြင်လာကြတော့တယ်။ ကိုယ့်ဘ၀ကိုကိုယ် စိတ်တိုင်းကျထုဆစ်ပုံသွင်းချင်ကြတယ်။ လင်မရှိတဲ့မိန်းမ မျက်နှာငယ် ဆိုတဲ့နေရာမှာ လင်မရှိတဲ့မိန်းမ မျက်နှာမငယ် လို့  ပြောင်းပြီးဆိုလာတတ်ကြတယ်။

ဘ၀တိုးတက်မယ့်အခြေအနေ မတွေ့ ဘူးဆိုရင်လည်း လက်မထပ်ကြတော့ပါဘူး။ ဆင်းရဲတဲ့မိန်းကလေးဟာ ဆင်းရဲ တဲ့လူတစ်ယောက်နဲ့ လက်ထပ်ရင် အဲဒီလိုပဲဆက်ဆင်းရဲနေမှာကို စိုးရိမ်ပါတယ်။ အိမ်ထောင်ကျရင် ကလေးတွေရှိ လာမယ်၊ လင်ယောက်ျားက လုံလောက်အောင်ရှာမကျွေးနိုင်ဘူးဆိုရင် အိမ်ထောင်မပြုရင်ကိုပဲ အဲဒီအရှုပ်ဒုက္ခတွေ မရှိဘဲ တစ်ယောက်ထဲ လွတ်လပ်ပေါ့ပါးစွာနေနိုင်မယ်လို့  သူတို့ ယုံကြည်ကြပါတယ်။

တွက်ချက်လာကြပါတယ်။ အိမ်ထောင်ပြုရင် မိသားတစ်စုဖြစ်လာမယ်။ ကိုယ်ကဒိုင်ခံ ချက်ပြုတ်လျှော်ဖွပ်ရမယ်။ ကလေးရလာပြန်ရင်လည်း ကိုယ်က ၉၀ ရာခိုင်နှုန်းပျိုးထောင်ရမယ်။ ခင်ပွန်းသည်ကိုဝတ်ကြီးဝတ်ငယ်ပြုစုရမှာ ဖြစ်သလို နှစ်ဖက်ဆွေမျိုးမငြိုငြင်အောင်လည်း လုပ်ပေးရအုံးမယ်။ နာမည်ရှေ့ က ‘မ’ နေရာမှာ ‘ဒေါ်’ လေး တစ်လုံး ပြောင်းလိုက်မိတာကို ခါးသည်းစွာပေးဆပ်နေရလိမ့်မယ်။ ဒါ့အပြင် ကိုယ်တစ်သက်လုံးကြိုးစားလာပြီးမှ အလုပ် ဆက် မလုပ်ရဘူးဆိုရင် ဘ၀ရှုံးတာမို့  ဒီအဖြစ်တွေနဲ့ ကင်းဝေးအောင် လက်မထပ်ဘဲနေဖို့  ဆုံးဖြတ်တတ်ကြပါ တယ်။

အိမ်ထောင်ရေးဖောက်ပြန်မှုကိုကြောက်ကြတယ်။ ရုပ်သံဌာနက မိန်းမချောလေး (၃)ဦးက သူတို့ ရဲ့ လူနေမှုအဆင့် အတန်းနဲ့ ဝင်ငွေအရာမှာ ယောက်ျားလေးတွေအိမ်ထောင်ရေးဖောက်ပြန်တာကို အမြဲမြင်တွေ့ နေရတဲ့တွက် ကိုယ် တွေလဲ ဒီလိုအဖြစ်မျိုးကိုခံစားရမယ့်အတူ အိမ်ထောင်မပြုဘဲနေဖို့  ဆုံးဖြတ်တာလို့  ပြောပြပါတယ်။

မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုခြင်း၊မပြုခြင်းဟာ သူမရဲ့ ကိုယ်ပိုင်အခွင့်အရေးဆိုပေမယ့် ကမ္ဘာ့အရေး၊ နိုင်ငံ့ အရေးကိုတော့ ပိုပြီးဦးစားပေးဖို့ လိုအပ်လိမ့်မယ်လို့  ချစ်သူအိမ်ထောင်ဖက်များဆိုင်ရာ စိတ်ပညာရှင်တစ်ဦးက ပြော ပါတယ်။

မိန်းကလေးတွေက အရွယ်ငယ်တုန်းမှာအိမ်ထောင်မပြုဘဲ နောက်ကျမှအိမ်ထောင်ပြုမယ်ဆိုရင် ကလေး ရရှိချိန်လည်း နောက်ကျမှာဖြစ်သလို ကလေးအရေအတွက်လည်း နဲပါးသွားနိုင်ပါတယ်။ ဒါဆိုရင် နိုင်ငံအသီးသီး လည်ပတ်နိုင်ဖို့  မရှိမဖြစ်လိုအပ်တဲ့ လူငယ်အင်အားစု အရွယ်ရောက်ဖို့ ဆိုတာလည်း နှောင့်နှေးသွားမှာပါ။
အခုကို လူဦးရေဟန်ချက်ပျက်တာနဲ့  ကြုံတွေ့ နေရတဲ့နိုင်ငံ အတော်များလာနေပါပြီ။ စင်္ကာပူ၊ ဂျပန်၊ ဂျာမနီ တို့ ဟာ ထင်ရှားပါတယ်။ နိုင်ငံထဲမှာ ကလေးနဲ့ သက်ကြီးအရေအတွက်ဟာ လူငယ်နဲ့ လူလတ်ပိုင်းအရေအတွက်ထက် ပိုများ နေမယ်ဆိုရင် အဲဒီကလေးနဲ့ သက်ကြီးတွေကို စောင့်ရှောက်နေရတာနဲ့ ပဲ လူငယ်နဲ့ လူလတ်တွေဟာ အရှေ့ ကို ရောက်အောင်သွားဖို့  အခက်ကြုံကြပါလိမ့်မယ်။

ဒီ့အတွက် နိုင်ငံ့စီးပွားရေး၊လုံခြုံရေး၊ကျန်းမာရေး၊ပညာရေး အစရှိတဲ့ အရေးကြီးကဏ္ဍတွေဟာ ယိမ်းယိုင်သွားနိုင်ပါတယ်။
ဒါ့အတွက် ယနေ့ လူငယ်များဟာ လူ့ အခွင့်အရေးကို တန်ဖိုးထားကြတယ်ဆိုပေမယ့်လည်း နိုင်ငံ့အရေး၊ ကမ္ဘာ့ အရေး ဆိုရင်တော့ ကိုယ့်အခွင့်အရေးကို စတေးသင့်စတေးပြီး လွတ်လပ်ပျော်ရွှင်သော တစ်ကိုယ်ရည်တည်းသမား မှ သည် အောင်မြင်သောအိမ်ထောင်ရှင်များ အဖြစ် မိမိကိုယ်ကိုယ်ကိုယ် အချိန်မှီပြုပြင်ပြောင်းလဲသင့်ပါတယ်လို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

သမန်းကျား၊ ရတနာပုံသတင်းစာ
Lashio News Diary
https://www.facebook.com/lashio.news.city

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ