လူငယ်အရွယ်တွင် အရက်အလွန်အကျွံသောက်သုံးပါက အသက်ကြီးသည်အထိ အာရုံကြောပျက်စီးနေနိုင်

ကျန်းမာရေးသတင်း၊ နို ၁၊ ရဲရင့်တည်

ဆယ်ကျော်သက် လူငယ်အရွယ်တွင် အရက်ကိုအလွန်အကျွံ သောက်သုံးခြင်းက ဦးနှောက်အလုပ်လုပ်ပုံကို အချိန်တိုအတွင်း ထိခိုက်စေနိုင်ပြီး နာတာရှည်ထိခိုက်မှုများလည်း ဖြစ်စေနိုင်ကြောင်း မက်ဆာချူးဆက်စ် တက္ကသိုလ်မှ သုတေသီတစ်ဖွဲ့က ဆိုသည်။

အရက်အလွန်အကျွံသောက်သုံးခြင်း ကိုနိုင်ငံတကာ တိုင်းတာသည့် အတိုင်းအတာမှာ ယောကျာ်းတစ်ဦးအတွက် (၂)နာရီအတွင်း ၅ခွက်နှင့် အထက်ဖြစ်၍ အမျိုးသမီးများအတွက် (၂)နာရီအတွင်း ၄ ခွက်နှင့် အထက်သောက်သုံးခြင်း ဖြစ်သည်။ ယင်းကဲ့သို့ သောက်သုံးပါက မိမိကိုယ်ကို အလိုလိုက်ကာ အရက်အလွန်အကျွံသောက်သုံး ခြင်းဟုဆိုနိုင်သည်။ ယခုအခါ အရက်သောက်သုံးသူများက ဆင်နွဲရန် အရက်သောက်စားခြင်း၊ မိတ်ဆွေများတွေ့ဆုံသည့် အခိုက်ပျော်ပါးစွာ သောက်စားခြင်း၊ လူငယ်များတွင် အရက် သောက်သုံးရာ၌ ကစားနည်းမျိုးစုံဖြင့် အရက်ကိုသောက်သုံးကြသဖြင့် အရက်သောက်သူအများစုက မိမိ၏အတိုင်း အတာထက် လွယ်ကူစွာ ကျော်လွန်သွားတတ်ကြသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးနှင့် ရောဂါကူးစက် ပြန့်ပွားရေးစင်တာ CDC က ၂၁နှစ်အောက် အရက်သောက်သုံးသူများအနက် ၉၀ ရာခိုင်နှုန်းမှာ အရက်အလွန်အကျွံသောက်သုံးနေကြ ကြောင်းဖော်ပြသည်။ ဦးနှောက်က ဖွံ့ ဖြိုးဆဲအချိန်ဖြစ်သည့် လူပျိုဖြစ်ခါစအရွယ်တွင် မိမိကိုယ်ကိုအလိုလိုက်ကာ အရက်သောက်သုံး ခြင်းဖြင့် မိုင်လင်း ဟုခေါ်သော အာရုံကြောတစ်ရှူးမျှင်များကို ကာကွယ်ဖုံးအုပ်ပေးသည့် အလွှာတစ်ခုကို ပြောင်းလဲစေပြီး နောင်နှစ်အနည်းငယ်တွင် အာရုံကြောဆိုင်ရာ ချို့ ယွင်းမှုများဖြစ် စေနိုင်ကြောင်းသိရသည်။ ၄င်းတို့၏ ရှာဖွေမှုကို သက်သေပြရန် မက်ဆာချူးဆက်တက္ကိသိုလ်မှ သုတေသီများက ကြွက်များဖြင့် စမ်းသပ်ခဲ့သည်။ ၄င်းတို့သည် ကြီးကောင်ဝင်ချိန် ရောက်သော ကြွက်များကိုအုပ်စု(၂)စုခွဲ၍ တစ်စုကိုအချိုရောဖျော်ထား သောအရက်ကို သောက်သုံးစေပြီး ကျန်တစ်စုကို အချိုရောဖျော်ထားသည့် ရေကိုသောက်သုံးစေသည်။ ၄င်းတို့ ၏စမ်းသပ်မှုကို (၂)ပတ်ကြာပြုလုပ်ခဲ့ရာ သုတေသီတို့က ကြွက်များသည် လူတို့အတိုင်းအချိုပါသည့်ဖျော်ရည် ယမကာများကို နှစ်သက်လေ့ရှိပြီး စမ်းသပ်မှုတွင် ကြွက်အုပ်စု (၁)က အရက်ပါဝင်သော ဖျော်ရည်ဗူးမှအဆက်မပြတ် သောက်သုံးနိုင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သဖြင့်ကြွက်များတွင်လည်း မိမိ၏သဘောအတိုင်း အရက်သောက်သုံးမှုများ ရှိကြောင်းတွေ့ရှိခဲ့သည်။
စမ်းသပ်မှုပြီးနောက် ကြွက်တို့၏ မိုင်လင် အတိုင်းအတာများကို လေ့လာခဲ့ရာ အရက်သောက်သုံးခဲ့သော ကြွက်တို့ ၏ မိုင်လင် မှာ အခြားကြွက်အုပ်စုထက် သိသာစွာလျော့နည်းနေကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် ၄င်းတို့ ၏ဒုတိယစမ်းသပ်မှုတွင် ကြွက်များ၏မှတ်ဥာဏ်စွမ်းအားကို ကြီးရွယ်ဝင်ခါစတွင် အရက်တိုက်ကျွေးဖူးသည့် အရွယ်ရောက်ကြွက်များဖြင့် စမ်းသပ်ခဲ့ပြန်ကာ ၄င်းတို့၏မှတ်ဥာဏ်စွမ်းအားမှာ အခြားကြွက်များထက် သိသာစွာလျော့နည်းနေကြောင်း သိရသည်။

ထို့ကြောင့် သုတေသီများက လူငယ်အရွယ်တွင် အရက်ကိုအလွန်အကျွံသောက်သုံးခြင်းက အာရုံကြောတစ်ရှူးများ ကို ကာကွယ်ပေးနေသော မိုင်လင် အလွှာပျက်ဆီးမှုကိုဖြစ်စေနိုင်ပြီး ဦးနှောက်ကိုထိခိုက်ကာ အာရုံကျောပြသနာများနှင့် မှတ်ဥာဏ်အားနည်းသည့်ပြသနာများကို ဖြစ်ပေါ်စေနိုင်သည်။

Lashio News Diary
https://www.facebook.com/lashio.news.city?fref=nf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ