ဥရောပရွှေဖိနပ်ဆု ရော်နယ်ဒို တတိယအကြိမ်မြောက် ရရှိ

ရီးယယ်မဒရစ်တိုက်စစ်မှူး ခရစ်စတီနို ရော်နယ်ဒို ဟာ နိုဝင်ဘာလ ၄ ရက်နေ့က ဥရောပရွှေဖိနစ်ဆုကို တတိယအကြိမ်မြောက် ရရှိခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိ Ronaldo ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ စုစုပေါင်း သွင်းဂိုး ၃၁ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဆုကို တိုက်စစ်မှူး ဆွာရတ်စ်နဲ့ ပူးတွဲရရှိတာပါ။

၂၀၀၈ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ခဲ့ပြီး ရွှေဖိနစ်ဆုကို ၂၀၀၇-၀၈ ကတခါ၊ ၂၀၁၀-၁၁ ကတခါ၊ အခုတခါ ၃ ခါရရှိတာ ဖြစ်ပါတယ်။

မန်ယူဘောလုံးသမားအဖြစ်နဲ့ရော၊ ရီးယယ်ဘောလုံးသမားအဖြစ်နဲ့ပါ အောင်မြင်ပြီး ရီးယယ် အသင်းကို အခုနှစ် ချန်ပီယန်ဖလားရအောင် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ရီးယယ် အသင်းဟာ ချန်ပီယံလိဒ်ဖလားကို လက်ရှိ ၁၀ ကြိမ်ရရှိထားပြီး ဥရောပမှာ အကောင်းမြင်ဆုံးအသင်းဖြစ်ပါတယ်။

ရိုနယ်ဒိုဟာ ချန်ပီယံလိဒ်သွင်းဂိုး ၇၁ ဂိုးနဲ့ အများဆုံးဂိုးသွင်းထားတဲ့ Raul နဲ့ တဂိုးပဲ ကွာပါတော့တယ်။

ဘောလုံးပွဲတိုင်းမှာ ဂိုးသွင်းဖို့ဆိုတာ မလွယ်တဲ့အတွက်ကြောင့် ဂိုးသွင်းခွင့်မရလည်း သူကြိုက်တဲ့ ဘောလုံးသမားတွေနဲ့ တွဲဖက်ကစားရတယ်ဆိုရင် ကျေနပ်တယ်လို့ ပြောဆိုပါတယ်။

ရွှေဖိနပ်ဆုကို တတိယအကြိမ်ရတာဟာ ပထမဆုံးအကြိမ်ရတုံးကလိုပဲ ပျော်ရွှင်ပြီး ဒီဆုကို ရအောင် ကူညီပေးခဲ့တဲ့ ကစားဖော်ဘောလုံးသမားတွေနဲ့အတူ ဒီဆုကို မျှဝေပါတယ်လို့ ရောနယ်ဒိုက ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70079


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ