မြန်မာ-ဂျပန်ချစ်ကြည်ရေး ဇာတ်ကားတွင် မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်ထုံးစံများ ပြသရဦးမယ့် သရုပ်ဆောင် အိချောပို


ဂျပန်နိုင်ငံမှ နာမည်ကြီးသရုပ် ဆောင် ဆန်နီချီးဘား မင်းသားကြီး နှင့်အတူ ဂျပန်နိုင်ငံမှ အနုပညာ ရှင်များ၊ မြန်မာနိုင်ငံမှ အကယ်ဒမီမို့မို့မြင့်အောင်၊ အိချောပိုနှင့် အနုပညာရှင်များ စွာပါဝင်သော မြန်မာ -ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး အမှတ် တရအဖြစ် ဂျပန်နိုင်ငံဘက် မှ ဇာတ်ကားတစ်ကားရိုက် ကူးသွားမည်ဟု သိရသည်။ အဆိုပါဇာတ်ကားကို ယခု လလယ်လောက်တွင် စတင် ရိုက်ကူးသွားရန်ရှိကြောင်း၊ ထိုဇာတ်ကားတွင်ပါဝင် ဖြစ်သူ သရုပ်ဆောင် အိချော ပိုနှင့်တွေ့ဆုံခိုက်သူ၏ အနုပညာ နှင့်ပတ်သက်သည်များကို မေးမြန်း ဖြစ်ခဲ့သည်။

အိချောအောင်မြင်ကျော်ကြား စူးရှထက်မြက် ရုပ်ရှင်ကားကြီးထဲ မှာပါဝင်ဖြစ်သွားတာက ညီမ ဒီကားကြီးထဲသရုပ် ဆောင်ဖြစ်သွားတာကတော့ ဇာတ် လမ်းလေးကလဲ ကောင်းတယ်။ပြီးတော့ ညီမတို့အနုပညာပျိုးခင်း က ညီအစ်မသုံးယောက်လဲ ဆုံ သွားတော့ ရိုက်ဖြစ်သွားတာပါ။ ဒီကားမှာ အိချောက ဆတ်ဆတ်ထိ မခံတတ်တဲ့ အမျိုးသမီးတစ်ယောက် နေရာက သရုပ်ဆောင်ထားပါ တယ်။ ဇာတ်ကားလေးက ပညာ ပေး၊ ဟာသဇာတ်ကားလေးတစ် ကားဆိုတော့ ပရိသတ်အတွက် ကြည့်ရကျိုးနပ်စေမယ်လို့ထင်ပါ တယ်။ ဒါရိုက်တာဦးညီကလဲ ဒီ ကားနဲ့ လိုက်ဖက်မယ့်သူတွေကို ရှာပြီး သူ့စိတ်ကြိုက်ရိုက်ကူးပုံဖော် ထားတယ်။ သရုပ်ဆောင်တွေက လဲ သူနေရာနဲ့သူ တကယ်ကို ကြိုး စာပြီး သရုပ်ဆောင်ထားတာ ပရိသတ်ကြီးတွေ့မှာပါ။ အိချော ဂျပန်နိုင်ငံကရိုက်ကူးမယ့် ဇာတ်ကားမှ ဘယ်နေရာက သရုပ်ဆောင်မှာလဲ 'ဂျပန်ဘက်ကတော့ ဇာတ် လမ်းကို ရေးနေတယ်လို့သိရပါ တယ်။ ပြည်တွင်းမှာရိုက်ရမယ့် ရိုက်ကွင်းနေရာတွေ သူတို့ရှာနေ တုန်းပါပဲ။ ညီမကို ပြောထားတာ တော့ မြန်မာမိန်းကလေးတစ်ယောက် ရဲ့ဘဝရပ်တည်ရှင်သန်မှု၊ မြန်မာ တွေရဲ့ဓလေ့စရိုက်၊ ရိုးရာတွေကို ဖော်ထုတ်ပြသရမည့် ကောင်မလေး တစ်ယောက်အဖြစ်သရုပ်ဆောင်ရ မှာပါ။ ဂျပန်ကလာတဲ့ ဧည့်သည် တွေကို ကိုယ့်ရေ၊ ကိုယ့်မြေရဲ့အ ထင်ကရ နေရာတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ပြသရမယ့် ဘာသာပြန်ကောင်မလေးတစ်ယောက် ပေါ့နော်။ ဒါမေယ့် သေသေချာချာ မသိသေးပါဘူး။ ဇာတ်ကားက ခဏခဏပြောင်းနေတယ်လို့တော့ ပြောတယ်။ သူတို့စိတ်ကြိုက်မတွေ့ သေးဘူးလို့ထင်ပါတယ်။ ပြည်ပနဲ့ရိုက်ရတဲ့အခါ ကိုယ့်ပြည် တွင်းရဲ့အားနည်းချက်၊ အားသာ ချက်တွေကို အိချောဘယ်လောက် ထိပြင်ဆင်ထားလဲ ဘယ်သူမဆို ပြည်ပနဲ့ရိုက်ချင် ကြပါတယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ တခြားမင်းသား၊ မင်းသမီးတွေ ရောပေါ့နော်။ ဒါပေမယ့် ကိုယ့် ဘက်က အခွင့်အရေးရမှရိုက်လို့ရ မှဆိုတော့ အတတ်နိုင်ဆုံးအားနည်း ချက်တွေကို ပြင်ဆင်ပြီး အားသာ ချက်တွေကို သူတို့နဲ့ညှိပြီးထုတ်ပြ သွားတာပဲရှိမှာပါ။ စကားပြောတာ ကအစ၊ အဝတ်စားအဆုံး အားလုံး အားလုံးကို ကြိုပြင်ဆင်ရတာပေါ့ လေ။ အိချောကတော့ ဒီဇာတ်လမ်း ရိုက်ဖြစ်ပြီဆိုတာနဲ့ ကိုယ့်ဘက်က အတတ်နိုင်ဆုံးကြိုးစားမယ်။ ကိုယ့် ကိုပေးထားတဲ့ တာဝန်ကိုအတတ် နိုင်ဆုံးလုပ်ဆောင်သွားမှာပါ။ ဒါ ပေမယ့် သူတို့ဘက်က ဇာတ်ကို ဘယ်လိုပုံစံဆိုတာလာပြောဦးမှာလေ အဲဒီအခါကျရင်လဲ ကိုယ့်ဘက်က လက်ခံသင့် မခံသင့်ဆိုတာစဉ်းစား ဦးမှာပါ။

ဒဂုံဝေလင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ