အာဆင်နယ်၏အားနည်းချက်ကို မန်ယူသိရှိခဲ့ဟု ရွန်းနီဆို

အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့သည် ပရီမီယာလိဂ်ပွဲစဉ် (၁၂)အဖြစ် အာဆင်နယ်အသင်း၏ အမ်းမရိတ်ကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက အာဆင်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့်အနိုင်ရှိခဲ့သည်။ ယင်းပွဲစဉ်၌ မန်ယူအသင်းတွင် ဖယ်လ်ကာအို၊ ရိုဂျိုနှင့်ဘလိုင်းတို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ခဲ့သကဲ့သို့ အာဆင်နယ်တွင်လည်း အိုဇေးလ်၊ ဒီဘူချီနှင့်ကိုစီယယ်နီတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေ။

သို့ရာတွင် အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းသည် အိမ်ကွင်းဖြစ်သော်လည်း ဧည့်သည်မန်ယူအသင်း၏ ဦးဆောင်ဂိုးသွင်းယူမှုကို ခံခဲ့ရပြီး သာမန်ပွဲကစားချိန် မိနစ် ၉ဝ ပြည့်ခဲ့ပြီးနောက် မန်ယူအသင်းက အာဆင်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိကာ အနိုင်သုံးမှတ်အပြည့်ရယူနိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် မန်ယူအသင်းအတွက် အသင်းခေါင်းဆောင် ရွန်းနီကတစ်ဂိုး ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ကီရန်ဂစ်၏ ကိုယ့်ဂိုးကိုယ်သွင်းမိခြင်းကြောင့် မန်ယူအသင်း နှစ်ဂိုးရရှိခဲ့ခြင်းဖြစ်ကာ အာဆင်နယ်အတွက် ခြေပဂိုးကို မိနစ် ၉ဝ ရောက်မှသာ တိုက်စစ်မှူးဂီရောက်က သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲစဉ်တွင် အာဆင်နယ်အသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ယခုပွဲစဉ်တွင် အာဆင်နယ်၏ အားနည်းချက်ကို မန်ယူသိရှိခဲ့ကြောင်း တိုက်စစ်မှူးရွန်းနီက ထုတ်ဖော်ပြောကြားခဲ့သည်။

(ငွေကြယ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ