အဲဗာတန်နောက်ခံလူ ကိုးလ်မန်းအားခေါ်ယူရန် ချယ်လ်ဆီးပြင်ဆင်

အင်္ဂလန်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ခံစစ်ကိုအားဖြည့်ရန်အတွက် အဲဗာတန်အသင်း၏ အိုင်ယာလန်နောက်ခံလူ ဆီးမက်စ်ကိုးလ်မန်းအားခေါ်ယူ ရန်ပြင်ဆင်နေကြောင်းသိရသည်။ ချယ်လ်ဆီးအသင်းမှာ ကိုးလ်မန်းအတွက်ပေါင်သန်း ၂ဝ ခန့်အသုံးပြုရန်ပြင်ဆင်နေပြီး စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါက တစ်ပတ်လုပ်ခပေါင် ၈ဝဝဝဝ အထိပေးချေသွားရန် အသင့်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။

ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုမှာ အသင်း၏ ညာနောက်ခံနေရာတွင် အိုင်ဗန်နိုဗစ်နှင့်ယှဉ်ပြိုင်စေရေး ကိုးလ်မန်းအားခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး အခြားအသင်းများထက် ကြိုတင်လက်ဦးမှုရယူကာပြင်ဆင်နေ ခြင်းလည်းဖြစ်သည်။ အသက် (၂၆)နှစ်အရွယ်ရှိ အိုင်ယာလန်လက်ရွေးစင်နောက်ခံလူ ကိုးလ်မန်းအား ချယ်လ်ဆီးအသင်းအပြင် စီးရီးအေထိပ်သီးကလပ်အသင်းအချို့ကလည်း ခေါ်ယူရန်စိတ်ဝင်စားနေခြင်းဖြစ်သည်။ အဲဗာတန်အသင်းမှာ ၎င်းအားအသင်းတွင်ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိနေသော်လည်း မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့်ကမ်းလှမ်းလာပါက ရောင်းထုတ်သွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ကိုးလ်မန်းမှာ အဲဗာတန်အသင်းသို့ ၂ဝဝ၉ ခုနှစ်က ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၂၆ ပွဲပါဝင်ကစားကာ ၁၂ ဂိုးသွင်းယူပေးခဲ့သူဖြစ်ကြောင်း သိရသည်။

(ကိုရဲ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ