လန်ဒန်၌ ကျင်းပမည့် Miss World 2014 သို့ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်မည့် ၀ိုင်းလေး စာနယ်ဇင်းများနှင့် တွေ့ ဆုံ


ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံ ပါဝင်သည့် အင်္ဂလန်နိုင်ငံ လန်ဒန် မြို့တော်၌ ယခုလ ၂၄ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ Miss World 2014 ပြိုင်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ် စားပြုအလှမယ်ဝိုင်းလေးသွားရောက် ယှဉ်ပြိုင်မည်ဟုသိရသည်။ အဆိုပါပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရခြင်းနှင့်ပတ် သက်ပြီး ယခုလ ၁၃ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ CHATRIUM Hotel ၌စာနယ်ဇင်းများကို အသိပေးရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ''ညီမဒီပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ အများကြီး လုပ် ဆောင် ထားပါ တယ်။ အနေအထိုင်၊ အသွားအလာ၊ အစားအသောက်က အစအားလုံး ဂရုတစိုက်နဲ့လုပ်ဆောင် ထားပါတယ်။ ပညာရေးပိုင်းနဲ့ လဲ ဘာသာရပ်တွေ ကိုလေ့လာထား ပါတယ်။ နောက်ပထမဆုံးပြော ချင်တာကတော့ ညီမဟိုမှာသွား ပြိုင်တဲ့အခါ အဝတ်အစားကလဲ အဓိကကျပါတယ်။ ညီမက ဟိုကို တစ်ယောက်တည်းသွားရမှာဆိုတော့ ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ပဲလုပ်ဆောင်ရတော့ မှာပါ။အခုဒီမှာ ညီမအတွက် ဘယ်လိုတွေဝတ်သင့်တယ်ဆိုတာ ကိုပြောပေး၊သင်ကြားပေးကြတဲ့ ဒီဇိုင်နာမမဉ္ဇူနဲ့ မိုးကုတ်ပေါက် ပေါက်၊ မိတ်ကပ်အနေနဲ့ အန်တီ ခင်စန်းဝင်း၊ မလင်းလင်းတို့ကို ကျေးဇူးတင်ပါတယ်။ အခု ကိုယ့် ဘာသာ လိုအပ်ချက်တွေကို ပြင်ဆင်နိုင်ခဲ့ပါပြီ။ မြန်မာအက ဖြစ် တဲ့ဆီမီးခွက်အကနဲ့ကပြမယ်။ ပြီးရင် မြန်မာတူရိယာတွေကိုလဲ တီးခတ်ဖျော်ဖြေမှုတွေနဲ့ယှဉ်ပြိုင်သွား မှာပါ''ဟု ပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ သွားရောက် ရမည့် Miss ဝိုင်းလေးသည်ယခုလ ၂ဝ ရက် နံနက် ၉နာရီ မိနစ် ၅ဝ တွင် TG 304 နှင့်ရန်ကုန်မှ ဘန် ကောက်လေဆိပ်သို့ သွားရောက် မည်ဖြစ်ပြီး ဘန်ကောက်မှလန်ဒန် သို့ ယင်းနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ တွင် TG 916 လေယာဉ်ဖြင့် သွားရောက်မည်ဖြစ်ပြီး လန်ဒန်သို့ စံတော်ချိန် ၇ နာရီ ၃၅မိနစ်တွင် ရောက်ရှိမှာဖြစ်ပြီး Miss ဝိုင်းလေး သည် ယခုလ ၂ဝ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ London City ရှိ Marriott Country Hall Hotel မှာ နေထိုင်သွားရမည်ဖြစ်ပြီး ဒီဇင် ဘာ ၆ ရက်မှ ၁၅ ရက်အထိ London City ရှိ A 16 Ft Hotel ၌ ဆက်လက်နေထိုင်သွားမည်ဟု သိရသည်။

ဒဂုံဝေလင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ