မြွေအရေခွံ ဖုံးအုပ်ထားသည့် နီလာဖန်မျက်နှာပြင်နှင့် ဖုန်းဟန်းဆက်ကို ဒေါ်လာ ၉၁၀၀ (ကျပ်ငွေ ၉၁ သိန်းဝန်းကျင်) ဖြင့်မှာယူနိုင်ပြီး

နည်းပညာမြင့်မားပြီး ဈေးနှုန်းကြီးမြင့်သော ဖုန်းဟန်းဆက်များကို ကမ္ပဏီများအပြိုင်အဆိုင် ထုတ်လုပ်နေသည့် ယနေ့ခေတ်တွင် တန်ဘိုးကြီး ဇိမ်ခံဖုန်းဟန်းဆက် များထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Vertu မှ အမေရိကန်ဒေါ်လာ ၆၉၀၀ တန်ကြေးရှိသည့် Aster ဟုအမည်ရသော ဖုန်းဆက်တစ်မျိုးကို ဈေးကွက်အတွင်းမိတ်ဆက်လိုက်ပြီဖြစ်သည်။

Andriod OS ထောက်ပံ့မှုဖြင့် လုပ်ဆောင်ချက်များလည်ပတ်သည့် Aster ဖုန်းဟန်းဆက်တွင် တန်ဘိုးကြီး နီလာဖန်မျက်နှာပြင်၊ Dolby Stero စပီကာနှစ်လုံးနှင့် ပေါင်းစပ်ဖွဲ့စည်းထားသောကြောင့် ဈေးနှုန်းမှာလည်း အခြေခံလူတန်းစားများလက်လှမ်းမမှီနိုင်သည့် အမေရိကန်ဒေါ်လာ ၆၉၀၀ အထိ တန်ဘိုးကြီးမြင့်နေခြင်းဖြစ်သည်။

ဒါ့အပြင် ယခုလက်ရှိ ကမ္ဘာ့ဈေးကွက်တွင်ထိပ်တန်းနေရာများရရှိနေကြသည့် Andriod OS အသုံးပြုဖုန်းဟန်းဆက်များဖြစ်ကြသော Samsung ၏ Galaxy S5 နှင့် LG ၏ G-3 ဖုန်းဟန်းဆက်များကိုယှဉ်ပြိုင်နိုင်မည့် cutting-edge နည်းပညာများနှင့် အရည်သွေးမြင့်နည်းပညာကိုလည်း အသုံပြုထားသည်။

Aster ဖုန်းဟန်းဆက်၏ အခြားသော ထူးခြားချက်များအနေဖြင့် တိုင်တေနီယမ်ကိုယ်ထည်၊ ၁၁၇ ကာရက် အရည်သွေးရှိပြီး ရုပ်ထွက်အရည်သွေး 1080p ဖော်ပြပေးနိုင်မည့် ၄့၇ လက်မအရွယ် နီလာဖန်မျက်နှာပြင် နှင့် 13-megapixel နောက်ကင်မရာ၊ ကင်မရာမီးအလင်းအားအတွက် LED မီး ၂ လုံးနှင့် 2.1-megapixel အရည်သွေးရှိရှေ့ကင်မရာတို့လည်းပါဝင်လာခဲ့သည်။

အခြားသောဖုန်းဟန်းဆက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် NFC နည်းပညာပါဝင်သလို နည်းပညာမြင့် ဖုန်းအားသွင်းစနစ်ဖြစ်သည့် Qi wireless charging ကို 2250mAh သိုလှောင်အားရှိသည့် ဘတ္ထရီဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

Aster ကို Vertu မှ အမေရိကန်ဒေါ်လာ ၆၉၀၀ ဖြင့် ရောင်းချသော်လည်း စမတ်ကျကျအသုံးပြုလိုသော သုံးစွဲသူများအတွက် ဖုန်း၏နောက်ကျောကို မြွေ သားရည် ဖုံးအုပ်သုံးစွဲလိုသူများအတွက် Aster ကို အမေရိကန်ဒေါ်လာ ၉၁၀၀ နှင့် ကြက်ဆင်သားရည် ဖုံးအုပ်လိုသူများအတွက် အမေရိကန်ဒေါ်လာ ၉၇၀၀ တို့ဖြင့် ရောင်းချပေးလျက်ရှိရာ ၀ယ်ယူလိုသူများအတွက် Vertu ၏ အွန်လိုင်းစတိုးတွင် မှာယူဝယ်ယူနိုင်ပြီဖြစ်သည်။

အောင်ဟိန်းခိုင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ