Fake Clinic လိင်ကို လိမ်၍ကုနေခြင်း

ဆရာခင်ဗျား ကျွန်တော်ကတော့ ဒီစာရေးချိန်မှာ အသက် ၂၂ နှစ်ရှိပါပြီ။ ရန်ကုန်မြို့မှဖြစ်ပါတယ်။ လူပျိုတစ်ဦးဖြစ်ပါတယ်။့ (လိင်ပိုင်းဆိုင်ရာ ဖြစ်နေတာကို ရေးထားပါတယ်။) ယခုရန်ကုန်က လိင်ပိုင်းဆိုင်ရာ ကုသပေးတဲ့ POLO အမည်ရ ဆေးခန်းတစ်ခုတည်းကိုသာ သွားရောက်မေးမြန်းဖူးပါတယ်။ မြန်မာဆရာဝန်လည်းမဟုတ်ပါ၊ ထိုင်ဝမ်မှဟုပြောပါတယ် (မြန်မာစကားမတတ်ပါ)။ ထိုဆရာဝန်က ကြည့်ရှုစမ်းသပ်ခြင်းမပြုပဲ ပြောပြရုံမျှဖြင့် လိင်ကြောပြတ်တာဟု ပြောပါသည်။ စက်နှင့် ၃ ကြိမ်ခန့် ကုသရမည်ဟု ပြောပါသည်။ ခွဲစိတ်ရန်မလို၊ စက်နှင့်ကုသချိန် ၂၅ မိနစ်ခန့် ကြာမြင့်ပြီး ၁ ရက်ခြား ၃ ကြိမ်ခန့်ပြုလုပ်ရမည်ဟု ပြောပါသည်။ ၆ သိန်းပေးရမည်ဟု ပြောပါသည်။ ပျောက်ကင်းရမည်ကို အာမ မခံဟုလည်း ပြောပါသည်။ အလိမ်အညာ ဖြစ်နေမည်စိုးရိမ်၍ ကျွန်တော် ဆွေးနွေးရုံသာ ပြုလုပ်ခဲ့ပြီး ပြန်လာခဲ့ပါသည်။ ငွေကြေး ကုန်ကျမှုကို ပေးနိုင်ပါသည်။ ပျောက်ကင်းမှုအာမ မခံခြင်းကို မနှစ်သက်၍သာ လှည့်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ခံစားနေရသော ဝေဒနာကို မည်ကဲ့သို့သော အထူးကုဆရာဝန်များ ထံတွင်ကုသမှု ခံယူသင့်ပါသလဲ ခင်ဗျား၊ ပျောက်ကင်းနိုင်ပါသလားခင်ဗျား၊ ဆရာ့ထံတွင် အသိများရှိပါက ရန်ကုန်တွင် ကုသလျှင်ရနိုင်သော ဆရာဝန်များထံ လမ်းညွှန်ပေးစေလိုပါတယ်ခင်ဗျား။

• အဲလိုဆေးခန်းတွေကို မယုံပါနဲ့။
• လိင်ကြောလို့ခေါ်တာ မရှိပါ။
• ဆေးပညာမှာ လိင်ပိုင်းဆိုင်ရာဆိုတာ ဆီးလမ်းအထူးကုနဲ့ တွဲထားပါတယ်။ သီးသန့်လေ့လာရတာလဲ ရှိပါသေးတယ်။
• ဒီအသက်မှာ လိင်ပိုင်းဆိုင်ရာ စိုးရိမ်စရာ မရှိသလောက်ပါ။ လုံးဝမစိုးရိမ်ပါနဲ့။
• Early ejaculation သုတ်လွှတ်မြန်တာဖြစ်နိုင်တယ်။ အတွေ့အကြုံကနေ ကောင်းလာတယ်။ စာတပုဒ်ရေးထားပါတယ်။
• Erectile dysfunction လိင်အင်္ဂါသန်မာမှု နည်းသူတွေဆိုတာ စိတ်ဖိအားကနေဖြစ်တာ များတယ်။ တခြားအကြောင်းခံတွေလဲ ရှိတယ်။ စာတပုဒ်ရေးထားပါတယ်။
• မေးတဲ့သူမှ Male orgasm (အော်ဂဇင်) ကိုခံစားရတဲ့ သာယာမှုနည်းတာလား။
• ဒါမှမဟုတ် Low libido လိင်စိတ် (လစ်ဘီဒို) နည်းတာလား။ စာတပုဒ်ရေးထားပါတယ်။
• နှစ်ခုလုံး ဒီအရွယ်မှာ ရောဂါရယ်လို့မဖြစ်ပါ။
• မေးခွန်းတိကျရင် အဲဒါနဲ့ဆိုင်တဲ့စာ ပို့ပေးပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ