နေမာ၏ တစ်လုံးတည်းသော ဂိုးဖြင့် ကိုလံဘီယာ အသင်းကို ဘရာဇီး အနိုင်ရ

ဘရာဇီး အသင်းသည် Sun Life Stadium ၌ စက်တင်ဘာ ၅ ရက်က ယှဉ်ပြိုင် ကစားခဲ့သော နိုင်ငံတကာ ချစ်ကြည်ရေး ပွဲစဉ်တွင် ကိုလံဘီယာ အသင်းကို နေမာ၏ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေး ပွဲစဉ်တွင် ဘရာဇီး အသင်းနှင့် ကိုလံဘီယာ အသင်းတို့သည် ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးသည့်တိုင် ဂိုးသွင်းယူနိုင်မှု မရှိခဲ့ပေ။

အဆိုပါ ဂိုးမရှိ သရေရလဒ်အား အနိုင်အရှုံး ဆုံးဖြတ်ပေးမည့် ဘရာဇီး အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အသင်းမှ ကစားသမား နေမာက ပွဲချိန် ပြီးဆုံးခါနီး ၇ မိနစ် အလိုတွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ကိုလံဘီယာ အသင်းသည် ပွဲပြီးဆုံးသည် အထိ ချေပဂိုး ပြန်လည်သွင်းယူ နိုင်ခဲ့ခြင်း မရှိသည့်အတွက် ဘရာဇီး အသင်းကို ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ