ပျောက်ဆုံးခဲ့သော အဆိပ်ပြင်းမြွေဟောက်ဖြူ တစ်ကောင် ပြန်လည်ဖမ်းဆီးရမိ


သောင်ဇန်အုတ်စ် စက်တင်ဘာ ၆

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် သုံးရက်ကြာပျောက်ဆုံးသွားခဲ့သည့် အဆိပ်ပြင်းသည့်ရှားပါးမြွေဟောက်ဖြူ တစ်ကောင်ကို လော့စ်အိန်ဂျလိစ်ခရိုင် တိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများက ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းဌာနများ၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။ တိရစ္ဆာန်ထိန်းသိမ်းရေး အရာရှိများသည်အဆိုပါ မြွေဟောက်ဖြူကို သောင်ဇန်အုတ်စ်မြို့ အိမ်ခြံဝင်းတစ်ခု အတွင်းရှိ သစ်တိုသစ်စ ပုံတစ်ခု အတွင်းမှ စက်တင်ဘာ ၄ ရက်ညနေပိုင်းတွင် ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း

ခရိုင်ပြောရေး ဆိုခွင့်ရှိသူ ဘရန်ဒန်ဒေါလင်းက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ မြေဟောက်သည် စက်တင်ဘာ ၁ ရက် ညနေပိုင်းကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ပျောက်ဆုံးနေချိန်တွင်ခွေးတစ်ကောင်သည် ယင်းမြွေဟောက် အကိုက်ခံရ၍ သေဆုံးခဲ့ ရကြောင်း၊ သို့သော် လူတစ်ဦး တစ်ယောက်မှ အကိုက်ခံခဲ့ရခြင်း မရှိကြောင်း ဒေါလင်းက ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ