မိုင်လီဆိုင်းရပ်စ်၏ Wrecking Ball ဂီတ ဗီဒီယို ယခုနှစ်၏ အကောင်းဆုံး ဂီတ ဗီဒီယိုဆု ရရှိ

သြဂုတ် ၂၄ ရက်က ကျင်းပခဲ့သော MTV ဂီတ ဆုပေးပွဲ၌ အဆိုတော် မိုင်လီဆိုင်းရပ်စ်၏ Wrecking Ball ဂီတ ဗီဒီယိုသည် ယခုနှစ်၏ အကောင်းဆုံးဂီတ ဗီဒီယိုဆုကို ဆွတ်ခူး ခဲ့ကြောင်း သိရသည်။

မိုင်လီ၏ Wrecking Ball ဂီတ ဗီဒီယိုသည် ဘီယွန်းစေးနှင့် ဂျေဇီးတို့ သီဆိုထားသော Drunk in Love ဂီတဗီဒီယို၊ ဖာရယ်လ်ဝီလျံ၏ Happy ဂီတဗီဒီယို၊ ဆိုင်အာ သီဆိုထားသည့် Chandelier ဂီတဗီဒီယိုနှင့် အစ်ဂီအဇာလီအာနှင့် Charli XCX တို့ သီဆိုထားသော Fancy ဂီတဗီဒီယို တို့ကို ကျော်ဖြတ်၍ ယခုနှစ်၏ ဂီတဗီဒီယိုဆုကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မိုင်လီသည် အဆိုပါ ဆုကို သူမကိုယ်တိုင် တက်ရောက်မယူဘဲ သူမ ကိုယ်စား အိမ်ရာမဲ့ လူငယ်တစ်ဦးအား ဆုတက်ရောက်ယူ စေခဲ့သဖြင့် သူမ၏ လုပ်ရပ်ကို ပရိသတ် များက အံ့အားသင့် ခဲ့ရသည်။

အဆိုပါ အိမ်ရာမဲ့ လူငယ်လေးသည် My Friend's Place အိမ်ရာမဲ့များ စောင့်ရှောက်ရေး စင်တာမှ ဖြစ်ပြီး ၄င်းက MTV ဂီတဆုပေးပွဲ အခမ်းအနားတွင် ၄င်းတို့၏ စင်တာအတွက် ငွေကြေးများ ထောက်ပံ့ လှူဒါန်းနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ၄င်းစင်တာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မိုင်လီ၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြ ထားသည်ဟု သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ