ကလေးများ အရိုးအဆစ် ရောင်ခြင်း အကြောင်း သိကောင်းစရာ

  ကလေးငယ်များ အရိုးအဆစ် ရောင်ရခြင်းမှာ ရောဂါကြောင့်ထက် ထိခိုက်ဒဏ်ရာ ရခြင်းကြောင့် ဖြစ်တတ်သည်။

အမြင့်ပေါ်မှ ခုန်ချခြင်း၊ ကစားရင်း ချော်လဲခြင်း၊ တစ်ခုခုနှင့် မတော်တဆ ထိခိုက်မိခြင်း ကြောင့် အရိုးအဆစ်များ ရောင်တတ်သည်။

ထိခိုက်ဒဏ်ရာ ရလျှင် အရိုးအဆစ်များ ရုတ်တရက် ရောင်လာ တတ်သည်။ အရိုး သို့မဟုတ် အဆစ် တစ်ဝိုက်တွင်ရှိသော အရိုးအမြှေးပါးနာ၍ ဖြစ်စေ၊ အဆစ်တစ်ဝိုက်မှ အကြောအရွတ်တို့ ပွန်းပဲ့ပြီး ဒဏ်ဖြစ် သွား၍ဖြစ်စေ၊ ရောင်ရမ်းခြင်း ဖြစ်တတ်သည်။ ရောဂါကြောင့် အဆစ်အမျက် ရောင်ပါက လေးဘက်နာ ရောဂါဖြစ်သည်။

လေးဖက်နာသည် အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ်အတွင်း ဖြစ်ပွားပါက ကလေး အဖျားကြီးပြီး အဆစ်များ ရောင်လာမည်။ လက်တွင် လက်ကောက်ဝတ်၊ ခြေထောက်တွင် ဒူးဆစ်များရောင်ပြီး နာလာမည်။ ခြေချင်းဝတ်၊ တံတောင်ဆစ်များ ဆီသို့ ရောက်နိုင်သကဲ့သို့ အဆစ်အားလုံးလိုလို ရောင်ပြီး နာလာမည်။

ကလေးများ မကြာခဏ အာသီးရောင်လျှင် ဖြစ်ပေါ်သည့် စထရပ်ကောကပ် ပဋိပစ္စည်းများ သွေးထဲ ရောက်ကာ နှလုံးရောဂါ ဖြစ်လာနိုင်သည်။ နှလုံးရောင်၊ အဆစ်ရောင် လာတတ်သည်။ ပင်နီဆီလင်ဗွီ စားဆေး နေ့စဉ် နံနက် တစ်လုံး၊ ည တစ်လုံးဖြင့် ခုနစ်ရက်မှ ၁ဝ ရက် သို့မဟုတ် လနှင့်ချီပြီး ခြောက်လမှ ရှစ်လအထိ တိုက်ကျွေးရမည်။ သွေးထဲတွင် အေအက်စ်အို (ASO) စစ်ဆေးပြီး လျော့ကျလာမှ ပင်နီဆီလင်ကို လျှော့ချရမည်။

အခြား အဆစ်ရောင် တစ်မျိုးမှာ အတိအကျ မရှိသည့် အဆစ်ရောင်ခြင်း ဖြစ်ပြီး လေးဖက်နာ ရောဂါကဲ့သို့ ဒူးဆစ်နှင့် ခြေချင်းဝတ် အဆစ်တို့တွင် ရောင်တတ်၍ အခြား အဆစ်သို့ ခုန်ကူးရောင်ခြင်း မရှိပါ။ ဒူးဆစ် ရောင်လျှင် တစ်မျိုးတည်း၊ တစ်ဖက်တည်း ရောင်မည်။ အဆစ်အတွင်း အရည်ဝင်သည့် လက္ခဏာ တွေ့နိုင်သည်။ အိပ်ရာ ထခါစ နံနက်မှာ အဆစ်များ တောင့်တင်း နေတတ်သည်။ အများအားဖြင့် ကလေး အသက် နှစ်နှစ်မှ လေးနှစ် အရွယ် ယောက်ျားလေးများ ပို၍ ဖြစ်တတ်သည်။ ရက် အတော်ကြာ အဖျားတက် နေတတ်သည်။

မျိုးရိုးလိုက် သွေးမတိတ်၊ သွေးယိုရောဂါသည် ယောက်ျားလေး များ၌ စတင် ဖြစ်ခဲ့ချိန်မှ စပြီး အဆစ်များ အတွင်း သွေးယို၍ အဆစ်ရောင်ရောဂါ ပေါ်လာနိုင်သည်။ အဆစ်အတွင်းသို့ ဘက်တီးရီးယား တစ်မျိုးမျိုး ဝင်၍ ပြည်တည်နာ ဖြစ်လျှင်၊ အဆစ် အနီး၌ အရိုးနာ ဖြစ်ခဲ့လျှင်၊ အဆစ်အတွင်း တီဘီရောဂါ စွဲကပ်လျှင် အဆစ် ရောင်လာသည်။ ပြည် သို့မဟုတ် အရည်ဝင်လျှင် ရောင်ကိုင်းကာ ကိုယ်ပူပြီး ဖျားတတ်သည်။

အချို့ ကလေးများမှာ ဝမ်းလျှော၊ ဝမ်းကိုက်၊ အူရောင်ငန်းဖျားနှင့် ဂျိုက်သိုးရောဂါ ဖြစ်လျှင် အဆစ်ရောင် ရောဂါ ရလာကြသည်။ အဆစ်ရောင်ပြီး နာလာလျှင် သို့မဟုတ် မရောင်ဘဲ နာလာလျှင် ဆေးမြီးတိုဖြင့် မကုဘဲ တတ်ကျွမ်းသည့် ဆရာဝန်နှင့် ပြသပြီး ကုသမှု ခံယူခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ မခံစားရဘဲ သက်သာစွာ ကုသနိုင်မည် ဖြစ်သည်။ ပိုးကြောင့်ဖြစ်သော အဆစ်ရောင်မှာ အဆစ်များ ရောင်လာပြီး မြန်မြန် ပျောက်အောင် ကုသ၍ မရပါ၊ မကုသလျှင်လည်း နှလုံးရောဂါ ဖြစ်နိုင်သည်။ ကလေးမှာ ကြာမြင့်စွာ အဆစ် ရောင်၍ အဆစ်မှ ကြွက်သားများ အားနည်းကာ မသန်မစွမ်း ကလေးငယ်ဘဝသို့ ရောက်ရှိ စေနိုင်သည်ကို ဂရုပြုသင့် ပါသည်။ ။

ဒေါက်တာလွင်သန့် (ဆေး-၂)

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ