နိုင်ရိုဘီတွင် ကျင်းပမည့် ၁ဝ ကီလိုမီတာ အပြေးပြိုင်ပွဲတွင် စိန်တံဆိပ်ဆု ချီးမြှင့်မည်

 ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် သြဂုတ် ၁၇ ရက်၌ ကျင်းပမည့် အမျိုးသား၊ အမျိုးသမီး ၁ဝ ကီလိုမီတာ အပြေးပြိုင်ပွဲတွင်

အနိုင်ရရှိသူများအား ပထမဆုံး အကြိမ် အဖြစ် စိန်တံဆိပ် ဆုများနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပြေးပြိုင်ပွဲတွင် အနိုင်ရရှိသူ အပြေးသမားများသည် စိန်တံဆိပ်ဆု သုံးဆုကို ရရှိမည်ဖြစ်သည့် အပြင် အကောင်းဆုံး အပြေးကစားသမားဟောင်း တစ်ဦး၏ ဂုဏ်ပြုခြင်းကိုလည်း ခံရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲ စီစဉ်သူ ဘာနာဘာကိုရာက သြဂုတ် ၁၄ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် အဆိုပါပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံ နိုင်ငံမှ အလှူရှင်များနှင့် Antwerp မှ အလှူရှင်များထံမှ လက်ခံရရှိခဲ့ခြင်း ဖြစ်ပြီး ယင်းအလှူရှင်များသည် ပြိုင်ပွဲအတွက် အမေရိကန် ဒေါ်လာ ၇ဝဝဝဝ တန်ဖိုးရှိ လျှပ်စစ် လက်ပတ်နာရီ များကိုလည်း လှူဒါန်းခဲ့ကြောင်း ကိုရာက ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြိုင်ပွဲ စီစဉ်သူများသည် ယင်းအပြေးပြိုင်ပွဲတွင် အနိုင်ရရှိသူ အပြေးသမားများကို ဆုကြေးငွေ အဖြစ် အမေရိကန် ဒေါ်လာ ၁၂ဝဝဝဝ ချီးမြှင့်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ