မန်ယူကို ဦးဆောင်မယ့် ရွန်းနေ


 မန်ယူက တိုက်စစ်မှူးရွန်းနေကို အသင်းခေါင်းဆောင်သစ်အဖြစ် ရွေး ချယ်လိုက်ပါပြီ။ အသက် ၂၈ နှစ်ရှိ ပြီဖြစ်တဲ့ အင်္ဂလန်ကစားသမားရွန်း နေကို မီလန်သို့ ထွက်ခွာသွားတဲ့ ဗီ ဒစ်နေရာမှာ အစားထိုးလိုက်တာ ဖြစ်ပါတယ်။ ဒီနှစ်ပရီမီယာလိဂ်မှာ ရွန်းနေကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သလို ဖလက်ချာကိုလည်း ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာ ဖြစ်ပါ တယ်။

တိုက်စစ်မှူးရွန်းနေဟာ သြဂုတ် ၁၆ ရက် အိုးထရက်ဖို့ဒ်မှာ ကစား မယ့် ပရီမီယာလိဂ်ကန့်လန့်ကာအဖွင့် ဆွမ်ဆီးနဲ့ကစားရာမှာ အသင်း ခေါင်းဆောင်အဖြစ် ပါဝင်ကစားမှာ ဖြစ်ပါတယ်။

''ဒါဟာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါ။ မန်ယူကိုအောင်မြင် တဲ့အသင်းအဖြစ် ဦးဆောင်သွားမှာပါ။ နည်းပြက ဒီလိုကျွန်တော့်ကို အသင်း ခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်တာ ဟာ ကျွန်တော့်ကိုယုံကြည်မှုအပြည့် ရှိတယ်ဆိုတာ ဖော်ပြနေပါတယ်'' လို့ ရွန်းနေက ဆိုပါတယ်။

တိုက်စစ်မှူးရွန်းနေဟာ အသက် ၁၈ နှစ်ကတည်းက အဲဗာတန်ကနေ မန်ယူကို ပေါင် ၂၇ သန်းနဲ့ ပြောင်း ရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ သူဟာ နည်းပြဖာဂူဆန်လက်ထက် တစ် လျှောက် အောင်မြင်တဲ့တိုက်စစ်မှူး ကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။
သူ့ကိုမန်ယူက ၂ဝ၁၄ ခုနှစ် ဖေဖော် ဝါရီလမှာ တစ်ပတ်ပေါင် ၃ဝဝဝဝဝ နဲ့ လေးနှစ်စာချုပ်ချုပ်ဆိုထားပါတယ်။ သူဟာ မန်ယူနဲ့အတူ ၂ဝ၁၈-၂ဝ၁၉ ရာသီအထိ ကစားရမှာ ဖြစ်ပါတယ်။

အာကာကျော်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ