လှိုင်သာယာမြို့နယ်၊ (၃)ထိပ် ကားမှတ်တိုင်၌ ခါးပိုက်နှိုက်(၃)ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၇

 ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ ရဲတပ်ဖွဲ့ဝင် များသည် ခါးပိုက်နှိုက်များ ဖမ်းဆီး ရမိရေး အတွက် ၅.၇.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန်တွင် လှိုင်သာယာ မြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ (၃)ထိပ်ကားမှတ်တိုင်၌ စောင့်ကြည့်သတင်းစုံစမ်းနေစဉ် မှတ်တိုင်သို့ ဆိုက်ရောက် လာသော အမှတ်(၁၀၀)ယာဉ်လိုင်း ခရီးသည်တင်ဒိုင်နာယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ ခင်ကျော်မိုး၊ ဇော်လင်းနှင့် ဇင်ကိုတို့(၃)ဦး အား တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ခင်ကျော်မိုး၏အင်္ကျီအိတ်ကပ်အတွင်းမှ ငွေကျပ်(၁၁၅၀၀)ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။

အဆိုပါငွေများနှင့် ပတ်သက်၍ စစ်ဆေးရာ ၎င်းတို့(၃)ဦးသည် အမှတ်(၁၀၀) ယာဉ်လိုင်း ခရီးသည်တင် ဒိုင်နာယာဉ်အားလိုက်ပါစီးနင်းလာစဉ် အသက်(၄၀)နှစ်ခန့် အမျိုးသားတစ်ဦးထံမှ ဇော်လင်းနှင့် ဇင်ကိုတို့မှ လူကာပေးပြီး ခင်ကျော်မိုးမှ နှိုက်ယူရရှိခဲ့သော ငွေများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ခင်ကျော်မိုး၊ (၂၂)နှစ်၊ (ဘ)ဦးသိန်းထွန်း၊ ဇော်လင်း၊ (၂၁)နှစ်၊ (ဘ)ဦးခင်စိန်နှင့် ဇင်ကို၊ (၂၅)နှစ်၊ (ဘ)ဦးညွန့်လွင်တို့(၃)ဦးအား လှိုင်သာယာမြို့မရဲစခန်း(ပ)၉၅၈/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ