ဆရာ ကျွန်တော်က အခု အသက် (၅၁) နှစ်ရှိပါပြီ။ ၂ဝဝဝ ခုနှစ်မှာ
သားကြောဖြတ်ထားပြီး ယခုအခါသားကြောပြန်ဆက်ဖို့
ရနိုင်/မရနိုင်သိချင်လို့ပါခင်ဗျာ။ ရန်ကုန်မှာနေပါတယ်။
• ယောက်ျားတွေ သားကြောဖြတ်ပြီးမှ ပြန်ဆက်ခြင်သူတွေရှိတယ်။ USA မှာ ၅% လောက်ရှိတယ်။
• သားကြောဖြတ်တယ်ဆိုတာ ရှင်ခန်းဖြတ် မဟုတ်ပါ။ ပြန်ဆက်လို့မရဘူး မဟုတ်ပါ။
• (သီအိုရီ) အရ ဖြစ်နိုင်ပေမဲ့၊ လက်တွေ့မှာ အတော်ကြီးခက်ပါတယ်။
• (မိုက်ခရို-ဆာဂျရီ) အနုစိတ် လုပ်ရလိမ့်မယ်။ ကရိကထများတယ်၊ လက်ဝင်တယ်။ ကုန်ကျတယ်။
• အမေရိကားမှာဆို တနှစ်မှာ လူ ၆ သိန်းက $300 ကနေ $1,000 အကုန်ခံ ဖြတ်နေကြတယ်။
• ဖြတ်ထားတဲ့သားကြော ပြန်ဆက်ဘို့ ဆိုရင်တော့ $7,000 ကုန်မယ်။
• အောင်မြင်မှုနှုန်း စောစောပြန်လုပ်သူတွေက ပိုများတယ်။ ဖြတ်ထားပြီး ၃
နှစ်အတွင်း ပြန်ဆက်ချင်သူတွေက ၇၆%၊ ၁၅ နှစ် ကြာမှလုပ်ရင် ၃ဝ% ကလေး
ပြန်ရနိုင်တယ်။
• မြန်မာပြည်က အခြေအနေတော့ မသိပါ။
Dr. တင့်ဆွေ
Vasectomy reversal ယောက်ျား သားကြောပြန်ဆက်ခြင်း
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin