ယောင်္ကျားတစ်ယောက်တည်းနဲ့ ကြိုက်နေတဲ့ ကိုယ်ချင်းဆက်အမြွှ့ာ

Ganga နဲ့ Jamuna Mondal တို့ ဟာ လက်လေးဘက်၊ ခြေသုံးချောင်း၊ အစာအိမ်တစ်ခု မျှဝေပိုင်ဆိုင်ပြီး နှလုံးသားကတော့ သီးခြားစီပါ။ နှလုံးသား မတူညီပေမယ့် ချစ်သူကတော့ တူညီနေပါတယ်။

ပင့်ကူညီအစ်မ လို့ လူသိများတဲ့ အသက် ၄၅ နှစ်အရွယ် ကိုယ်ချင်းဆက်အမြွှာဟာ သူတို့ ဘ၀ရဲ့ သက်တမ်းကို တစ်ကိုယ်ရည် (နှစ်ကိုယ်ရည်) ဖြတ်သန်းခဲ့ရပြီး သူတို့ ရဲ့ ပုံမှန်မဟုတ်တဲ့ အသွင်အပြင်ကြောင့် လူ့  အသိုင်းအ၀ိုင်းရဲ့ ကြဉ်ဖယ်မှုကို ခံခဲ့ရပါတယ်။

အခုတော့ သူတို့ နှစ်ယောက် ပျော်ရွှင်နေပြီလို့ ဆိုပါတယ်။ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ဆိုင်သူ ကျောင်းဆရာ Jasimuddin Ahman နဲ့ တွေ့ ဆုံခွင့်ရခဲ့ပြီးနောက်မှာတော့ သူတို့ တွေ ပျော်ရွှင်နေရပါပြီ။

“ မြင်မြင်ချင်း ချစ်တဲ့အချစ်ပေါ့” လို့ အစ်မဖြစ်သူနဲ့ လက်လေးဘက်၊ ခြေထောက်သုံးချောင်းကို မျှပိုင်ဆိုင်တဲ့ Ganga က ပြောပြပါတယ်။

“ Jasimuddin နဲ့ တွေ့ တော့ ဒီလူဟာ ကျွန်မတို့ ကို တကယ်ချစ်မယ့်လူလို့ နှစ်ယောက်လုံး ခံစားမိပါတယ်။ တကယ်လည်း သူချစ်ပါတယ်။ သူ့ နှလုံးသားက ဖြူဖြူစင်စင်နဲ့  ချစ်တာပါ။

ကိုယ်ချင်းဆက်အမြွှာဟာ အစာအိမ်တစ်ခုထဲ ရှိပေမယ့် သီးခြား နှလုံး၊ ကျောက်ကပ်နဲ့ အသည်းတွေ ပိုင်ဆိုင်ပါတယ်။ သူတို့ ဟာ အနောက်ဘင်္ဂလား၊ ကာလကတ္တား အနီးက ဆင်းရဲနွမ်းပါးတဲ့ မိသားစုလေးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အတန်းပညာမရှိပေမယ့် သူတို့ ဟာ နယ်လှည့်ဆပ်ကပ်အဖွဲ့ နဲ့ လိုက်ပါပြီး အိန္ဒိယနိုင်ငံအနှံ့  ပရိတ်သတ်တွေကို ဖျော်ဖြေတဲ့အလုပ် လုပ်ကိုင်ပါတယ်။ တစ်ညကို ပေါင် ၂၅ ပေါင်လောက် လစာ ကောင်းကောင်းရှာနိုင်သူတွေပါ။ ဒါပေမယ့် အခုတော့ ဆပ်ကပ်ခရီးစဉ်တွေကနေ အနားယူခဲ့ပါပြီ။

အသက် ၃၆ နှစ်အရွယ် ကျောင်းဆရာ Ahmad ဟာ ဆပ်ကပ်မှာ အသံဖမ်းအင်ဂျင်နီယာအဖြစ် အချိန်ပိုင်း အလုပ်လုပ်ကိုင်ရင်း သူတို့ နဲ့ တွေ့ ဆုံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Ahmad တစ်ယောက် သူတို့ ရဲ့ ခံစားချက်တွေကို မျှဝေခံစားနိုင်တာကို သိရတော့ အံ့သြမိခဲ့တယ်လို့ ဆိုပါတယ်။

Ahmad ကလည်း “ သူတို့ နဲ့ တွေ့ ပြီးကတည်းကစပြီး သူတို့ ရဲ့ နာကျင်ခံစားရမှုကို ကျွန်တော် ခံစားရသလို သတ်မှတ်ပါတယ်။ ကျွန်တော်က အမြဲတမ်း ဒီလိုပဲ နေခဲ့တာပါ။ တစ်ခြားလူရဲ့ ဒုက္ခတွေကို ကျွန်တော့် ဒုက္ခလိုပဲ အမြဲတမ်း ဖြေရှင်းပေးတယ်။ အခြေအနေတွေ ပိုကောင်းမွန်လာအောင် ကြိုးစားပေးခဲ့ပါတယ်။”

အမြွှာညီအစ်မနှစ်ယောက်ကို ခွဲစိတ်ဆရာဝန်ဆီ ခေါ်ဆောင်ပြီး သီးခြားစီ ဖယ်ရှားခွဲစိတ်ဖို့ ဖြစ်နိုင်ကြောင်း ပြောခဲ့ကြပေမယ့် သူတို့ ကတော့ ဒီအကြံအစည်ကို ငြင်းဆန်ခဲ့ပါတယ်။

Trend Myanmar




မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ