(၅)မျိုးသုံး Laptop ကို ASUS မိတ်ဆက်

ASUSသည် စမတ်ဖုန်း၊ Laptopနှင့် Tablet တို့ ပေါင်းစည်းထားသည့် (၅)မျိုးသုံး Laptop ကွန်ပျူတာ တစ်မျိုးကို ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ပြသလိုက်ပြီ ဖြစ်သည်။ ထိုင်ဝမ်၏ ဦးဆောင် နည်းပညာ ကုမ္ပဏီကြီးက ယင်းကဲ့သို့ ဖန်တီးမှုမျိုးသည် ကမ္ဘာပေါ်တွင် ပထမဆုံးဟုလည်း ဂုဏ်ယူစွာ ကြွေးကြော်ထားသည်။ ယခုသီတင်းပတ် အစောပိုင်းက စတင်ပြသခဲ့သော Laptopကို အင်္ဂါနေ့က ထိုင်ပေမြို့တော်တွင် ပြုလုပ်သည့် Computex နည်းပညာ ပြပွဲ၌ စတင်ရောင်းချခဲ့သည်။ Transformer Book Vဟု အမည်ပေးထားသော ယင်းLaptopသည် Laptop အနေဖြင့် OSနှစ်မျိုး ပြောင်းလဲ အသုံးပြုနိုင်သလို Tablet ကွန်ပျူတာအဖြစ် ပြောင်းလဲကာ OSနှစ်မျိုး အသုံးပြုနိုင်သည်။ ထို့အပြင် စမတ်ဖုန်း အနေဖြင့်ပါ သုံးစွဲနိုင်မည်ဟု သိရသည်။

ASUS၏ အကြီးအကဲ ဂျွန်နီရှီးဟ်က Transformer Book Vနှင့် ပတ်သက်ပြီး “သုံးစွဲမှု နယ်ပယ် တစ်ခုချင်းစီအလိုက် ခိုင်မာအားကောင်းတဲ့ ကွဲပြားမှုတွေ ခံစားထိတွေ့နိုင်မှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးအတွက်၊ အလုပ်အတွက်၊ ဖျော်ဖြေရေးအတွက် ဘက်စုံအသုံးပြုနိုင်တဲ့ ထုတ်ကုန်တစ်ခုပါ”ဟု ပြောကြားသွားသည်။ Transformer Book Vသည် Tabletအနေဖြင့် Windowsရော၊ Android OSများကိုပါ အသုံးပြုနိုင်စွမ်း ရှိသည်။ ယင်းကို သီးခြား Keypad ချိတ်ဆက်ပေးခြင်းဖြင့် Laptopအသွင် ဖြစ်လာသလို Tabletကိုယ်ထည် အနောက်ဘက်တွင် စမတ်ဖုန်းတစ်ခု ထည့်သွင်းတပ်ဆင်ထားခြင်းဖြင့် လုပ်ငန်းစဉ် အမျိုးမျိုး ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်သည်။

ကိုယ်ထည်နောက်ဘက်ရှိ စမတ်ဖုန်း ထားရှိရာ Dockနေရာသည် (၅)လက်မ ကျယ်ဝန်းပြီး Android OSသုံး ဖုန်းတစ်လုံး ပါရှိလာမည် ဖြစ်သည်။ Laptopအနေဖြင့် အသုံးပြုပါကမူ ခလုတ်တစ်ချက် နှိပ်ရုံမျှဖြင့် Windowsနှင့် Android OSများကြား အပြောင်းအလဲ ပြုလုပ်နိုင်မည် ဖြစ်သည်။ ASUSသည် ကွန်ပျူတာ Motherboardများ ထုတ်လုပ်မှုဖြင့် စတင်နာမည်ကြီးလာသော်လည်း လက်ရှိတွင် ကမ္ဘာပေါ်၌ Tabletကွန်ပျူတာများ တင်ပို့ရောင်းချမှု၌ အဆင့်(၃)ချိတ်သည့် အမှတ်တံဆိပ်လည်း ဖြစ်လာခဲ့သည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ