ပရိသတ်တွေ စိတ်အ၀င်စားဆုံး Girls' Generation က သူတို့ရဲ့ ချစ်ရေးချစ်ရာ

ဒီတစ်ပတ်အတောအတွင်းကမှ အင်တာနက်ပေါ်မှာ ခေတ်စားနေတဲ့ K-Pop အတွဲတစ်တွဲကတော့ Girls' Generation အဖွဲ့က Taeyeon နဲ့ EXO အဖွဲ့က Byun Baekhyun တို့ပါပဲ။ သူတို့နှစ်ယောက် ဒိတ်လုပ်နေကြပြီဆိုတာကို SM Entertainment ကလည်း တရားဝင်ကြေငြာလိုက်တဲ့နောက်ပိုင်း ပရိသတ်တွေရဲ့ အားပေးမှု၊ ဝေဖန်မှုတွေကြားမှာ နှစ်ယောက်သားအတော်လေး အာရုံနောက်နေရတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး Taeyeon ကတော့ "ခုချိန်မှာ ကျွန်မဘာပဲပြောပြော ထင်ချင်တာတွေ ထင်ကြမှာပါပဲ။ ကျွန်မကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမဖြေရှင်းချင်တော့ပါဘူး။ မကြာခင်မှာ အားလုံးဟာ ကျွန်မတို့ကို ဝေဖန်အပြစ်ပြောဆိုနေတာတွေ ရပ်သွားကြမယ်လို့ပဲ မျှော်လင့်ပါတယ် " လို့ သူမတို့အတွဲနဲ့ ပတ်သက်ပြီး အဆိုးမြင်နေကြသူတွေအပေါ် မှတ်ချက်ပေးခဲ့ပါတယ်။ သူတို့အတွဲနဲ့ ပတ်သက်ပြီး ပရိသတ်အချို့က နှစ်ဦးသား Instagram မှာ တင်ထားခဲ့တဲ့ selfie ပုံတွေနဲ့ ပတ်သက်ပြီး ပရိသတ်ကို မလေးစားတာလို့ ဆိုနေကြပါတယ်။ အဲ့ဒါကိုလည်း Taeyeon က "ကျွန်မရဲ့ instagram ပုံက ပရိသတ်တွေကို လှောင်ပြောင်ထားတာမျိုးလည်း မဟုတ်ပါဘူး။ ပြီးတော့ ဒီလိုပုံတွေတင်တာကလည်း ကျွန်မရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေ မဟုတ်ပါဘူး။ ဒီလိုပဲ အပျော်တင်လိုက်တာပါ"တဲ့။  SM Entertainment  ကတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဖြစ်ပြီးမှ သံယောဇဉ်တွေတိုးပြီး ချစ်သူဖြစ်သွားတာလို့ ထုတ်ဖော်ပြောကြားထားပါ တယ်။

မကြာသေးခင်ကပဲ Girls' Generation အဖွဲ့ဝင်တွေဖြစ်တဲ့ YoonA က သူမရဲ့ချစ်သူဟာ အဆိုတော် သရုပ်ဆောင် Lee Seung Gi ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။



ဒါ့အပြင် Sooyoung ကလည်း မင်းသား Jung Kyung Ho နဲ့ တွဲနေပြီလို့  ပရိသတ်တွေကို အသိပေးခဲ့တာကြောင့် အားလုံး အံ့အားသင့်ခဲ့ရပါသေးတယ်။


နောက်ထပ်ပရိသတ်တွေ စိတ်ဝင်စားတဲ့ Girls' Generation အဖွဲ့ဝင်ကတော့ Tiffany တို့အတွဲဖြစ်ပြီး သူမကတော့ 2PM အဖွဲ့ဝင် Nichkhun နဲ့ တွဲနေတာပါ။

 Ref:kpopstarz.com
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ