စီးရီးသစ်ထွက်ပြီးတာနဲ့ သြစတြေးလျကို ဖျော်ဖြေရေးသွားမယ့် မိစန္ဒီ

 အမျိုးသမီးဟစ်ဟော့ပ် တေးသံရှင် မိစန္ဒီက မေလတစ်လလုံးမှာ သူ့ရဲ့ စီးရီးသစ် အတွက် အားစိုက်ပြင်ဆင်ခဲ့ပြီး အခု ဇွန်လထဲမှာတော့ အပြီးသတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

“သင်္ကြန်အပြီးကတည်းက အခွေဘက်ကိုပဲ အားစိုက်ပြီးလုပ်နေတာ။ အခုတော့ အားလုံး ပြီးသွားပြီ။ Mixing ပဲကျန်တော့တယ်။ အဲဒါကို ဒီလထဲမှာ အပြီး လုပ်မယ်။ အခွေ ထွက်မယ့် Date တော့ယူပြီးပြီ။ ဇွန်လ ၂၉ ရက်နေ့ မှာထွက်မယ်။ ပရိုမိုးရှင်းပွဲကိုတော့ Junction Square မှာလုပ်ဖြစ်မယ်။ တခြား ဘယ်မှာ လုပ်ဖြစ်ဦးမယ်ဆိုတာတော့ မစဉ်းစားရသေးဘူး။ လောလောဆယ် ကတော့ Junction Square မှာ ၂၉ ရက်နေ့ အခွေ ပရိုမိုးရှင်းလုပ်ဖို့ စီစဉ်ထားတယ်”လို့ မိစန္ဒီက ပြောပါတယ်။ ပထမစီးရီးမှာလည်း အောင်မြင်မှု ရခဲ့တဲ့ မိစန္ဒီက အခု ပစ်တိုင်းထောင်လို့အမည်ပေးထားတဲ့ ဒုတိယအခွေကိုတော့ သီချင်း ပုံစံအသစ်အဆန်းတွေ နဲ့ ပွဲထွက်လာမယ်လို့လည်း သိရပါတယ်။

“ဒီထဲမှာ သီချင်း ၁၄ ပုဒ်ပါမယ်။ ၁ဝ ပုဒ်က ညီမ ကိုယ်တိုင် ရေးတာ။ တခြား Featuring တွေ လည်းပါတယ်။ သီချင်းပုံစံ ကို ဒီဟစ်ဟော့ပ် အပေါ်မှာ အခြေခံ ပြီးတော့ ပုံစံအသစ်လေးတွေ လုပ်ထားတယ်။ ခပ်မြူးမြူးကြွကြွပုံစံလေးတွေ လည်းပါမယ်။ အရင်က ပရိသတ် ကြိုက်ခဲ့တဲ့ ရေခဲရိုက်အပြုံးလို Slow ပုံစံလေးတွေ ပါမယ်။ ပရိသတ်အကြိုက် နဲ့ ညီမလုပ်ချင်တဲ့ပုံစံကို မျှထည့်ထားပါတယ်” လို့ မိစန္ဒီက ပြောပါတယ်။ မိစန္ဒီက အခွေမထွက်ရှိခင်၊ ဇွန် ၂၉ မတိုင်ခင်မှာတော့ ရှိုးပွဲအကြီးတွေ သိပ်ဖျော်ဖြေ ဖြစ်မှာ မဟုတ်ဘဲ အခွေထွက်ပြီး နောက်မှာတော့ ဖျော်ဖြေပွဲတွေ ဆက်တိုက် ရှိတယ်လို့ သိရပြီး စင်ကာပူ နဲ့ သြစတြေးလျ ကိုလည်း ဖျော်ဖြေရေး အနေနဲ့ သွားဖို့ ရှိတယ်လို့ သိရပါတယ်။ တေးသံရှင် မိစန္ဒီက ဟစ်ဟော့ပ်အတွဲခွေများက တစ်ဆင့် နာမည်ရလာသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ပထမအခွေ မိုနိုပိုလီမှာပါတဲ့ ရေခဲရိုက်အပြုံး သီချင်းကလည်း သူ့ရဲ့ အောင်မြင်မှုကို တစ်ဆင့်မြှင့် တင်ပေးနိုင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

ရဲရဲ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ