ဖာဘရီဂတ်စ် ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့ရေး ဘာစီလိုနာနှင့် သဘောတူညီမှုရရှိ

ဘာစီလိုနာ အသင်းသည် ၎င်းတို့၏ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သူ ဖာဘရီဂတ်စ်ကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့ရန် ရောင်းချရန် ဇွန် ၁၂ ရက်က သဘောတူညီ လိုက်ပြီဖြစ်ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်သည် အာဆင်နယ် အသင်းမှ ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သည်။ ၎င်းကစားသမားသည် ဘာစီလိုနာ အသင်းအတွက် ပွဲပေါင်း ၉၆ ပွဲ ပါဝင် ကစားထားရာတွင် ၂၈ ဂိုး သွင်းယူပေးခဲ့သည်။ အဆိုပါ စပိန် ကစားသမားသည် လက်ရှိတွင် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတစ်သင်း ဖြစ်သည့် စပိန်အသင်း၌ ပါဝင်ကစားလျက် ရှိကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ