ပွဲတက်ဝတ်စုံသစ်ကြောင့် အဆိုတော် ရီဟားနား ရေပန်းစားနေ

ခေတ်ရှေ့ပြေးတဲ့ စတိတ်ရှိုးဖျော်ဖြေမှုပြကွက်တွေ၊ ဖက်ရှင်ဒီဇိုင်းအဆန်းတွေနဲ့ လူပြောများနေတဲ့ RNB အဆိုတော် ရီဟားနားဟာ လတ်တလောဝတ်ဆင်ခဲ့တဲ့ ပွဲထွက်ဝတ်စုံနဲ့ နိုင်ငံတကာ မဂ္ဂဇင်း မျက်နှာဖုံးတွေမှာ ရေးပန်းစားနေပါတယ်။

ဇွန်လ ၂ ရက်နေ့က နယူးယောက်မြို့ လင်ကွန်းစင်တာမှာ ပြုလုပ်သွားတဲ့ အမေရိကန် ဖက်ရှင်ဒီဇိုင်နာများ ကောင်စီဆုပေးပွဲမှာ ရီဟားနား တယောက် ထွင်းဖောက်မြင်သာတဲ့ ပွဲတက်ဝက်စုံကို ဆင်မြန်းခဲ့တာဖြစ်ပါတယ်။

ဒီဝတ်စုံကို နာမည်ကြီးဒီဇိုင်နာ အက်ဒမ်ဆဲမန်းက ထွင်ပေးထားပြီး တကိုယ်လုံးမှာ ခရစ်စတယ်လ် ကျောက်စ ၂ သိန်းကျော် စီတပ်ထားပါတယ်။ အဲဒီ့ညကပွဲမှာ ရီဟားနားကို စံပြဖက်ရှင်ဆုလည်း ပေးအပ်ခဲ့ပါတယ်။

By ဒီဗွီဘီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ