ဖိုးချစ်ကသူ့ အနေ နဲ့ အနုပညာရှင်တစ်ယောက်မဖြစ်ခဲ့ရင် ဘောလုံးသမားနဲ့ စီးပွားရေးသမား တစ်ယောက် ဖြစ်ချင်ခဲ့တာလို့ ပြောပြပါတယ်။ ဘောလုံး ကိုတော့ နှစ်တန်း လောက်ကတည်းကကစားဖြစ်ခဲ့ပြီး ဘော လုံးကန်နေရရင်ကို ပျော်ရွှင်ခဲ့တာဖြစ်ကြောင်း ဖိုးချစ်ကပြောပါတယ်။
” အသင်းအတွက် လူတွေ ရွေးတော့ လူကောင်သေးလို့ ဆိုပြီး အရွေးမခံခဲ့ရဘူး။ လှေကားမှာ ထိုင်ငိုနေတဲ့အချိန်မှာ ဘောလုံးအသင်းမှာ လူတစ် ယောက်လိုတဲ့အတွက်၊ ကျွန် တော့်ကို လာခေါ်တဲ့အတွက် ကန်ခွင့်ရသွားခဲ့တယ်။ အဲဒါ လေးကတော့ အမှတ်တရပဲ။ အဲဒီနောက်ပိုင်းမှာ ဘောလုံးကို တောက်လျှောက် ကန်ဖြစ်ခဲ့တယ်။
ကျွန် တော်က ဘောလုံးကန်တာကို ဝါသနာပါတာ” လို့ ငယ်စဉ်က ဘောလုံးနဲ့ ပတ်သက်ပြီး ဝါသနာပါခဲ့မှုကို ဖိုးချစ်ကပြောပြပါတယ်။ ဖိုးချစ်က ၁၉၉၆ ခုနှစ် အထိ စစ်ကိုင်း လက်ရွေးစင်ဘောလုံးအသင်းမှာ ကစားဖြစ်ခဲ့ပြီး အဲဒီနောက် ပိုင်းမှာတော့ ပညာရေးပိုင်းကို အားစိုက်ချင်တဲ့အတွက် ဘောလုံး ကစားတာကို နားဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ကမ္ဘာကျော်ဘောလုံး သမားတွေထဲမှာ ဝိန်းရွန်နီရဲ့ ကစားပုံကိုကြိုက်တဲ့ ဖိုးချစ်ရဲ့ ကမ္ဘာ့ဖလားခန့်မှန်းချက်ကတော့..
” ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ကိုတော့ အားပေး ချင်တယ်။ဒါပေမဲ့ နည်းပြလည်း မကြိုက်ဘူး။ ကစားသမား အများစုလည်း မကြိုက်ဘူး။ ဘရာဇီးနဲ့စပိန်ကတော့ မဖြစ် မနေ စောင့်ကြည့်ရမယ့် အသင်းတွေ ပဲဖြစ်တယ်။ ဟော်လန်နဲ့ ပေါ်တူဂီ အသင်းနှစ်သင်းကိုလည်း ကြိုက် တယ်။ နှစ်သင်းက မထင်မှတ်တာတွေလုပ်ပြသွားမယ်လို့ ထင်တယ်” လို့ သူ့ရဲ့အမြင်ကိုပြောပြပါတယ်။ ဖိုးချစ်က Actor Stars ဘောလုံးအသင်း မှာ ပါဝင်ကစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။
လင်းအက္ခရာ
Popular Journal
" လက်ရွေးစင်ဘောလုံးသမားဖြစ်ချင်တဲ့ ဖိုးချစ် "
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin