တာချီလိတ်၌ ဆိုင်ကယ် Taxi သမားတစ်ဦး အသတ်ခံရ

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့နယ်တွင် ခရီးတိုပို့ဆောင်မှုအဖြစ် အခြေခံလူတန်းစားအသီးသီးများမှ အငှားဆိုင်ကယ်ပြေးဆွဲမှုများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေလျက်ရှိရာ မသမာသူ ခရီးသည်များမှ အသက်အန္တရာယ်ပြု၍ လူသတ်ကာ ဆိုင်ကယ်လုယူသွားမှုများ ဖြစ်ပွားလေ့ရှိရာ ၂၀၁၄ခုနှစ် မေလ(၁၂)ရက်နေ့ ညနေပိုင်းက အသက်(၂၄)နှစ်ရှိ အငှားဆိုင်ကယ်သမားတစ်ဦးအား သတ်ကာ ဆိုင်ကယ်လုယူသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

( ရင်ခွဲရုံ၌ စစ်ဆေးနေစဉ် )

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဆန်ဆိုင်းဈေးထိပ်တွင် အငှားဆိုင်ကယ်ပြေးဆွဲနေသူ ရွှေတာချီခရီးသွားလုပ်ငန်းမှ ကျောနံပါတ် (၆၄၀) အင်္ကျီကို ၀တ်ဆင်၍ ခရီးသည်များအား ပို့ဆောင်ပေးနေသည့် အသက်(၂၄)နှစ်ရှိ မောင်လှိုင်မင်းထွန်းအား မေလ(၁၂)ရက်နေ့က လူတစ်ဦးမှ ရေပူစမ်းသို့ လိုက်ပါပို့ဆောင်ပေးဖို့ အသွားအပြန်အဖြစ် ဘတ်ငွေ (၉၀၀)ဖြင့် ငှားရာ ၎င်းမှ သဘောတူညီစွာဖြင့် လိုက်ပါပို့ဆောင်ပေးရာမှ ဖတ်ဟိရွာအဆင်း၏ ချောက်ထဲ၌ လည်ပင်းတွင် ထိုးဖောက်ခံထားရသည့် ဒဏ်ရာ အပြင် အခြားဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း သိရသည်။

( လည်ပင်းမှ ထိုးဖောက်ဒဏ်ရာ )

ထိုသို့ သေဆုံးနေသည့် အလောင်းအား ကားမောင်သမားတစ်ဦးမှ မေလ(၁၃)ရက် နံနက်ပိုင်းတွင် တွေ့ရရှိရ၍ တာချီလိတ်မြို့မှ သက်ဆိုင်ရာသို့ အကြောင်းကြားရာ နံနက် (၁၀)နာရီခန့်က တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် တာချီလိတ်နာရေးကူညီမှုအသင်းတို့မှ သွားရောက်၍ အလောင်းအား ရှာဖွေသယ်ဆောင်ခဲ့ကြပြီး တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကာ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ သေမှုသေခင်းအရ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

( အလောင်းအား သယ်ယူစဉ် )

ယင်းဖြစ်စဉ်ကဲ့သို့ပင် တာချီလိတ်မြို့၌ လွန်ခဲ့သော ရက်ပေါင်း (၁၃၀)ကျော်ခန့်ဖြစ်သည့် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့ သန်းခေါင်ယံအချိန်က ဆိုင်ကယ်Taxi သမားတစ်ဦး အသတ်ခံရပြီး အလောင်းအား ရေတွင်းထဲ၌ ဇောက်ထိုးထည့်ထားခဲ့ကာ ဆိုင်ကယ်လုယူသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။




( ရုပ်သံတင်ဆက်မှု)
ယခု သေဆုံးသူ၏ ရုပ်အလောင်းအား ယနေ့ မေလ(၁၄)ရက် မွန်းလွှဲပိုင်းတွင် ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ ဦးစိုင်းကျော်စံ နှင့် အဖွဲ့ဝင်များ၊ ဆိုင်ကယ်ပြေးဆွဲသူများ နှင့် တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးနှင့် အသင်းသူ၊ အသင်းသားများ အပါအ၀င် သေဆုံးသူ၏ မိသားစုဝင်များမှ မြို့မသုဿန်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
သတင်း။   ။ ကိုဇောင်း
ဓါတ်ပုံ/ဗီဒီယို။   ။ တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik Online News



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ