Justin Bieber က ပါးကို နာနာလေး တစ်ချက်လောက်အချခံဖို့လိုနေတာ လို့ပြောလိုက်တဲ့ Sharon Osbourne


ခင်ပွန်းဖြစ်သူ rock star ကြီး Ozzy Osbourne ရဲ့ဂီတလုပ်ငန်းမှာ နှစ်ပေါင်း၃၀ ကျော်ကြာ စီမံကွပ်ကဲလာပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ဂီတ မန်နေဂျာ Sharon Osbourne က ဒုက္ခများနေတဲ့ pop star Justin Bieber တစ်ယောက် သူ့ကို ခဏခဏ အပြုအမူဆိုးတွေကို လုပ်ခွင့်ပြုနေတဲ့ အတုအယောင်လူတွေရဲ့ဝန်းရံခြင်းကို ခံနေရပါတယ်လို့ ဆိုလိုက်ပါတယ်။

‘သူက ပါးကို နာနာလေးတစ်ချက်လောက် အချခံရဖို့လိုနေတာ။ သူက အတုအယောင်လူတွေ ၀န်းရံတာခံနေရတယ်။ ဖားယားနေသူတွေပေါ့။ နင် စတူဒီယိုထဲကိုဝင်ပြီး ကောင်းမွန်တဲ့ ဖန်တီးမှုတစ်ခုမဖြစ်မလာမချင်း ပြန်ထွက်မလာနဲ့ လို့ကျွန်မဆိုရင်တော့ ပြောမိမှာပဲ’ လို့ပြောပါတယ်။

Sharon က ရင့်ကျက်မှုမရှိသေးတဲ့ ကနေဒီယံကောင်လေးရဲ့ဂီတအကြောင်းကိုလဲ ဆက်လက်ပြောဆိုခဲ့ပါတယ်။

Justin ဂီတက ပျော့နွဲ့၊ ပေါ်ပင်ဆန်ပြီး တစ်ခါသုံးပြီး လွှင့်ပစ်ရမယ့် ဂီတဖြစ်ကြောင်းပြောခဲ့ပြီး အပြုအမူဆိုးတွေ လုပ်ခွင့်လိုင်စင်ရဖို့ ဂီတကောင်းတွေ ထုတ်ဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။

Sharon တစ်ယောက် သူမရဲ့ဘ၀နဲ့ ပါတ်သတ်တဲ့အကြောင်းကိုလဲ ပြောသွားပါတယ်။ နှစ်ပေါင်းများစွား ပလက်စတစ်ဆာဂျရီလုပ်လာမှုကြောင်း အခုအခါ ရုပ်ပြစာအုပ်ထဲက လူဆိုးပုံပေါက်နေပြီလို့ဆိုပါတယ်။

‘နှစ်အနည်းငယ်ကြာတုန်းက ငါပလက်စတစ်ပုံပေါက်နေပါလားလို့ ကျွန်မကိုယ့်ကိုကိုယ် ပြန်ကြီးပြီး တွေးမိတယ်။  တီဗီမှာ အင်တာဗျူးဖြေနေတဲ့ ကျွန်မပုံက ဂျိုကာပုံစံပေါက်နေတယ်’ လို့ပြောပါတယ်။

Ref:starpulse.com
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ