ပရဟိတ အလုပ်ကို ပေါ်ပင် အနေနဲ့ လုပ်တာ မဟုတ် ပါဘူး ဆိုတဲ့ နန်းခင်ဇေယျာ

 Miss Myanmar Internet တစ်ဦးဖြစ်သူ နန်းခင်ဇေယျာသည် သူပြုလုပ်နေသော ပရဟိတ လုပ်ငန်းများကို ပေါ်ပင်လုပ်တာ မဟုတ်ပါဘူးဟု သူ၏လုပ်ဆောင်ချက်ကို ယခုလိုပြောပြခဲ့သည်။'

'ပရဟိတ လုပ်ငန်းကို ပေါ်ပင်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဖို့ ညီမဘယ်လိုမှ ခံယူလို့မရပါဘူး။ ပရဟိတအလုပ်ကို လူတိုင်းက ကိုယ်တတ်နိုင်သလောက် တတ်နိုင်တဲ့အခန်း ကဏ္ဍကနေ ပါဝင် လုပ်ကိုင်နေကြပါတယ်။ အနုပညာရှင်တွေ ပရဟိတ လုပ်တဲ့အခါမှာ ပြည်သူတွေက သတိထားမိလာတယ်။ ပြည်သူတွေ မသိနိုင်တဲ့ နေရာတွေမှာ အနုပညာရှင်တွေက သွားရောက် လှူဒါန်းတဲ့အခါမှာ ပြည်သူတွေက ဘယ်နေရာမှာ ဘယ်လို လိုအပ်နေတာ တွေကိုသိနိုင်တယ်။ သူတို့တွေအနေနဲ့လည်း သွားရောက် လှူဒါန်းနိုင်တယ်လေ။

ပေါ်ပင်အနေနဲ့လုပ်တဲ့ ပရဟိတ အလုပ်တွေကတော့ ခိုင်မြဲမှာမဟုတ်ပါဘူး။ ပရဟိတအလုပ်ကို တကယ်လုပ် နေတဲ့သူ၊ ပရဟိတစိတ်ဓာတ် ရှိတဲ့လူတွေကတော့ အမြဲလုပ်သွားမှာပါ။ အဲဒီနေရာမှာတော့ ရေရှည်မှာကွာ သွားမှာပေါ့'' ဟု သူမက ပြောပြခဲ့သည်။ နန်းခင်ဇေယျာ၏ ပရဟိတအလုပ်များ လုပ်နေရသည့်အပေါ် ခံစား ချက်လေးကလည်း ''အရမ်းလည်းဝမ်းသာတယ်။ ကလေးတွေက ခိုကိုးရာမဲ့ဖြစ်နေတယ်။ ကလေးတွေမှာ စိတ်ခံစားချက်တွေ ရှိတယ်လေ။ ကိုယ့်အနေနဲ့ ကလေးတွေရဲ့ အစ်မနေရာ၊ အစ်ကို နေရာမှာနေပြီး ဆော့ ကစားတယ်။ ပျော်ရွှင်အောင်လုပ်ပေးတယ်။ အားပေးတဲ့အခါမှာ သူတို့ရဲ့စိတ်ထဲမှာ အားတွေတက်လာတယ်။ သူတို့ကြိုက်တဲ့ အနုပညာရှင်တွေက အားပေးတဲ့အခါမှာ စိတ်ဓာတ်တွေ တိုးတက်လာတယ်။ ညီမအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ပြည်သူတွေကို ပေးဆပ်ရတာ အရမ်းလည်းဝမ်းသာတယ်။ ပီတိလည်းဖြစ်မိတယ်။ ပိုက်ဆံနဲ့လည်း ဝယ်ယူလို့မရဘူး။ ဒါတွေကမှ ကိုယ်သေရင် ကိုယ့်နောက်ပါမှာလေ။ အခြားဘယ်အရာကမှ ပါသွားမှာမဟုတ်ပါဘူး''ဟု နန်းခင်ဇေယျာ ကပြောပြခဲ့သည်။

နန်းခင်ဇေယျာသည် Miss ရွေးချယ်ပွဲပြီးနောက် သရုပ်ဆောင် အလုပ်လုပ်ရန် စဉ်းစားခဲ့ရာမှ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူပါဝင်သော ဇာတ်ကားများ၌ ကျရာကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးလည်းဖြစ် သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ