ပရိသတ်တွေအနေနဲ့အနုပညာသမားတွေကို အထင်သေးသွားမှာစိုးရိမ်နေတဲ့ မိုးယုစံ

မိုးယုစံက ဟိန်းဝေယံနဲ့ လတ်တလောမှာ ဇာတ်ကားရိုက်ကူးနေပါတယ်။ မိုးယုစံအနေနဲ့ ဇာတ်ရုပ်အငြိမ်လေးတွေအရိုက်များသလို လူငယ် ဇာတ်ရုပ်အတွက် သရုပ်ဆောင်တဲ့အခါ အမြဲသတိထားပြီး လုပ်ဖြစ်တဲ့အရာရှိတယ်လို့ ဆိုပါတယ်။

" ဇာတ်ကားတွေရိုက်တဲ့အခါ ဇာတ်ရုပ်နဲ့ အလိုက်ဝတ်ရ တာတွေရှိ တယ်။ ခေတ်နဲ့အညီ ဝတ်ရတယ်ဆိုပေမယ့်လည်း အတိုအပြတ်တွေ မဝတ်ပါဘူး။ တချို့လူငယ်ကားတွေ ဝတ်လို့ ရပေမယ့် အပြင်က သဘာဝအနေနဲ့ဆို ဒီလို တွေဝတ်ကြမှာမဟုတ်ဘူးလေ။ အပြင်သ ဘာဝနဲ့ယှဉ်ပြီးပဲဝတ်ဖြစ်တယ်။ ကြည့် တဲ့ပရိသတ်တွေအနေနဲ့ ကိုယ့်အနုပညာ သမားတွေကို အထင်သေးမှာလည်းစိုးတယ်။ ကားရိုက်တိုင်းမှာ အဝတ်အစားကို အမြဲဂရုစိုက်ဖြစ်တယ်" လို့ ဇာတ်ကားရိုက်ကူးမှုမှာ အဝတ်အစားရွေးချယ်မှုအပိုင်းကို မိုးယုစံက ပြောပြပါတယ်။

အနုပညာအလုပ်တွေကို တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးကြိုးစားသလို ကိုယ် လုပ်တဲ့အလုပ် တစ်ခုကိုတန်ဖိုးထားတဲ့ မိုးယုစံက အနုပညာရှင်ဖြစ်တဲ့အတွက် ပရိသတ်တွေ အတုယူမမှားအောင် ဂရုစိုက်ဖြစ်တယ်လို့ ဆို ပြန်ပါတယ်။

" ပရိသတ်တွေဆိုတာ အနုပညာရှင်တွေကို အမြဲတမ်းကြည့်နေတာလေ။ နယ်ကပရိသတ်တွေဆိုရင် သူတို့ကြိုက်တဲ့ အနုပညာရှင်တွေဆို လိုက်ပြီး အတုယူလုပ်တတ်ကြတယ်။ အဲဒီအတွက် ကိုယ်ကလည်း ပရိသတ်တွေ အတွက် ဂရုစိုက်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိတယ်။ အဲဒီ အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းရမှာလေ။ ကိုယ်ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာလေ။ ဇာတ်လမ်းဆိုတာကလည်း ကိုယ့်ကိုလာပေးတဲ့ ဇာတ်ပေါ်မှာလည်း မူတည်သေးတယ်လေ" လို့ မိုးယုစံက ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ