ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရတယ်လို့ မတွေးဘူးဆိုတဲ့ ရွှေမှုံရတီ

ရွှေမှုံရတီက နှစ်ဆန်း တစ်ရက်နေ့ က စပြီး “နို့ဘီလူး” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို အောင်ပန်းမှာ ရိုက်ကူး နေပါတယ် ။ဇေရဲထက်ရဲ့ ရည်းစား အဖြစ် သရုပ်ဆောင် ရတာဖြစ်ပြီး ဒရာမာဇာတ်ကား ဖြစ်ပါတယ်။ ရွှေမှုံ ရတီရဲ့ ခေါင်းဆောင် အနေ နဲ့ရိုက်ကူးမှု ၃ကားမြောက်လည်း ဖြစ်ပါတယ်။

“ရွှေမှုံနှစ်ဆန်း တစ်ရက်နေ့ ကစပြီး ကားကြီး ရိုက်ဖြစ်ခဲ့တာ။ မှတ်မှတ်ရရပေါ့။ ရွှေမှုံ ဇာတ်ကလည်း မရိုက်ခင် ကတည်း ကသိပြီးသား ဆိုတော့ အဝတ် အစားတွေရော စိတ်ပါ အစောကြီးကတည်း က ပြင်ဆင်ထားတာပါ။ ဒီကားက ရွှေမှုံလုပ်ရတာက ဒရာမာဆိုတော့ အကောင်းဆုံး ကြိုးစား သရုပ်ဆောင်တာ ပဲရှိပါတယ်။ မျှော်လင့်တာ မမျှော်လင့်တာ ထက်ပေါ့။ ဇာတ်ကလည်း သူကြီးခေတ် လောက်က ပုံစံမျိုးလောက် လုပ်ရတာ။အားလုံးက အကုန် ကြိုးစားကြတယ်။ ဘယ်အရာမှ လွယ်တာ မရှိဘူးလေ”လို့ ပြောပြပါတယ်။

ဇာတ် ကားတွေကို ဆက်တိုက် ရိုက်ကူးဖြစ်နေတဲ့ ရွှေမှုံရတီက ရိုက်ကူးခဲ့ သမျှမှာ ကျေနပ် အားရတယ်လို့ ဘယ်တော့မှ မတွေးဘူးလို့ ဆိုပါတယ်။ “ရွှေမှုံရိုက် ထားတဲ့ ကားတွေက ဗီဒီယိုပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကား ပဲဖြစ်ဖြစ် အကုန်လုံး ကြိုးစားခဲ့တာ။ ကိုယ့်ကိုယ် ကိုယ်ကျေနပ် အားရတယ်ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။ ရွှေမှုံအတွက် ပရိသတ်က အားတစ်ရပ်ပါ။ ပရိသတ် မရှိရင်ကြိုး စားချင်စိတ်ရှိမှ မဟုတ်ဘူး။ အားပေးလေ ပိုကြိုးစားနိုင်လေ ပါပဲ” လို့ရွှေမှုံရတီက ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ