မော်တော် ယာဉ်နှင့် မော်တော် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိ ဆိုင်ကယ် ပေါ်ပါ လူသုံးဦး ဒဏ်ရာ ရရှိ သေဆုံး

ရွာငံ မေ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ် ရေဦး/ကျောက္ကူပြင်သွား ကျေးရွာချင်းဆက်ကားလမ်း ဂနိုင်ခွင်ကုန်းဆင်း၌ဧပြီ ၄ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်ပေါ်မှလူသုံးဦး ဒဏ်ရာရရှိ သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရွာငံမြို့နယ် ရေဦး/ ကျောက္ကူပြင်သွား ကျေးရွာချင်းဆက် ကားလမ်း ဂနိုင်ခွင်ကုန်းဆင်းတွင် ဝင်းကျော် ၃၃ နှစ်(ဘ) ဦးစိန်ဝင်း မောင်းနှင်လာသော ၇စ/---အီဇူးဇူးယာဉ်သည် ဂနိုင်ခွင် ကုန်းတက်အရောက် အောင်ဖြိုးဝင်း ၁၇ နှစ် မောင်း နှင်ပြီး နောက်တွင် မယဉ်မွန်အေး ၁၆ နှစ်နှင့် မမိုးနှင်းခိုင် ၁၇ နှစ်တို့ လိုက်ပါစီးနင်းလာသော ဟန်ဇင်း နီ/နက် ရောင်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိရာ အောင်ဖြိုးဝင်း၊ မယဉ်မွန်အေးနှင့် မမိုးနှင်းခိုင်တို့ သုံးဦးတွင် ထိခိုက်ဒဏ်ရာ အသီးသီးရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းကျော်အား ရွာငံမြို့မရဲစခန်းက ယာဉ်(ပ) ၃/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄- က အရ အမှုဖွင့်အရေးယူ စစ်ဆေးဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ